ယခုရာသီတွင် အာဆင်နယ်အသင်း အဆင့်(၄)အတွင်းဝင်မည်ဟု ပီရက်စ်အခိုင်အမာပြောကြား

ယခုရာသီတွင် အာဆင်နယ်အသင်း အဆင့်(၄)အတွင်းဝင်မည်ဟု ပီရက်စ်အခိုင်အမာပြောကြား
Published 16 October 2018

 

အာဆင်နယ်အသင်း၏ ကွင်းလယ်လူဟောင်းဖြစ်သူ ပီရက်စ်က အသင်းအနေဖြင့် ယခုရာသီပရီးမီးယားလိဂ်တွင် အဆင့်(၄)အတွင်း ဝင်မည်ဟုအပြည့်အဝယုံကြည်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် နည်းပြသစ် အမ်မရီလက်ထက်တွင် ပရီးမီးယားလိဂ်တွင် အဖွင့်ပွဲ (၂)ပွဲဆက် ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံး (၆) ပွဲဆက်တိုက်အနိုင်ရကာ လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် (၂)မှတ်အကွာ ရမှတ် (၁၈) မှတ်ဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်နေသည်။

ထို့အပြင် အာဆင်နယ်အသင်းသည် ယခုရာသီပြိုင်ပွဲစုံတွင် (၉) ပွဲဆက်တိုက်အနိုင်ရထားပြီး၊ အမ််မရီမှာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်သည့်အတွက် ပီရက်စ်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပီရက်စ်က ''လက်ရှိအခိုက်အတန့်မှာတော့ အသင်းအတွက် ကျွန်တော်အရမ်းပျော်နေပါတယ်။ အမ်မရီဟာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပါတယ်။ ဆီဗီလာအသင်းမှာ သူဘယ်လိုစွမ်းဆောင်ခဲ့တယ်ဆိုတာကို အားလုံးသိပြီးသားပါ။ ပြီးတော့ PSG အသင်းမှာလည်း သူ့အနေနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ သူ့လက်ထက်မှာ တစ်ရက်ထက်တစ်ရက် ပိုမိုတိုးတက်လာခဲ့ပါပြီ။ အထူးသဖြင့်ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းရဲ့ခြေစွမ်းကို ခင်ဗျားတို့လည်းမြင်ပြီးဖြစ်မှာပါ။ ပြိုင်ပွဲစုံ (၉)ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ကျွန်တော် (၁၀၀) ရာခိုင်နှုန်းယုံကြည်ပါတယ်'' ဟုပြောကြားခဲ့သည်။

ပီရက်စ်သည် ၂၀၀၃ - ၀၄ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်ဖြင့်ရရှိခဲ့သည့် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြ ကစားခဲ့သူဖြစ်ပြီး လက်ရှိတွင် အာဆင်နယ်အသင်း၏ သံတမန်အဖြစ် ဆောက်ရွက်နေသူဖြစ်သည်။

Most Read

Most Recent