လက်ရှိဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန် ကျပ် ၂၃၂၄ ဒသမ ၈ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၂၂ ဒသမ ၈ ဘီလျံ၊ အထူးကုန်စည် ခွန် ကျပ် ၁၃၉၁ ဒသမ ၄ ဘီလျံကောက်ခံရန် လျာထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် ပါဝင်သော ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် အမျိုးအစားမှ ကျပ် ၃၈၆၂ ဒသမ ၇၈၆ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်ကောက်ခံသည့် အခွန်အကောက် အမျိုးအစားမှ ကျပ် ၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ အကောက်ခွန်မှ ကျပ် ၅၃၀ ဘီလျံ၊ နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန် အကောက်အမျိုးအစားမှ ကျပ် ၈၅၈ ဒသမ ၃၃၁ ဘီလျံ၊ ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက်တွင် စုစုပေါင်း ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကြားကာလအတွင်း အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၂၇၉၂ ဘီလျံကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန် ကျပ် ၈၆၃ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၆၉၂ ဘီလျံ၊ အ ထူးကုန်စည်ခွန် ကျပ် ၄၃၁ ဘီလျံ၊ တံဆိပ် ခေါင်းခွန် ၂၇ ဒသမ ၉၈ ဘီလျံ၊ အောင်ဘာ လေသိန်းဆုခွန် ကျပ် ၄၀ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၂ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၄ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၅၄၆ ဘီလျံ (ပြုပြင်ပြီးခန့်မှန်းခြေ) ဖြစ်ပြီး ခြောက်လတာ ကြားကာလဖြစ်သော ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံကောက်ခံရန် ခန့်မှန်းထားသည်။
အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုး မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၁ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ)၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ကြားကာလတွင် ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ) ဖြစ်သည်။
မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေးနှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့်တက်ခဲ့သည်။ ထိုသို့အခွန်ကောက်ခံမှုမြင့် တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီ အချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ နှစ်စဉ်ကျဆင်း လျက်ရှိကြောင်း သိရသည်။