အနာဂတ်လှုပ်ခတ်နေသည့် လုခ်ရှောကို သက်တမ်းတိုးရန် မန်ယူအသင်း စီစဉ်

အနာဂတ်လှုပ်ခတ်နေသည့် လုခ်ရှောကို သက်တမ်းတိုးရန် မန်ယူအသင်း စီစဉ်
Published 14 October 2018

 

မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ကစားသမားများထဲ၌ တစ်ဦးအပါအဝင်ဖြစ်သော အင်္ဂလန်နောက်ခံလူ လုခ်ရှောကို စာချုပ်သက်တမ်းတိုးရန် မန်ယူအသင်းက စီစဉ်လျက်ရှိနေကြောင်း သိရှိရသည်။

 

မန်ယူအသင်းတွင် နည်းပြ မော်ရင်ဟိုဆက်ရှိနေပါက အသင်းမှထွက်ခွာဖွယ်ရှိသည့် ကစားသမား (၁၀)ဦးစာရင်းကို talkSPORT ရေဒီယိုက သုံးသပ်ထုတ်လွှင့်ခဲ့ရာ ယင်းထဲတွင် လုခ်ရှောမှာလည်း ပါဝင်လျက်ရှိသည်။

 

သို့သော် Daily Mailသတင်းစာတွင် ဖော်ပြသည့်သတင်းအရ လုခ်ရှောအား မန်ယူအသင်းတာဝန်ရှိသူများက လက်လွှတ်ရန် ဆန္ဒမရှိဘဲ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း၊ မန်ယူအသင်း၌ မော်ရင်ဟို ဆက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုခ်ရှောမှာ မန်ယူကစားသမားအဖြစ် အနာဂတ်ဆက်ရှိသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်း တွင် လုခ်ရှောမှာ စာချုပ်သက်တမ်းနောက် ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုရာသီ ကုန်တွင် အသင်းမှ ပြောင်းရွှေ့ကြေးအ လွတ်ဖြင့် ထွက်ခွင့်ရှိနေသည်။ မန်ယူအသင်းတွင် လုခ်ရှောကဲ့သို့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ရောက်ရှိနေသည့် ကစားသမားမှာ (၁၁)ဦးအထိ ရှိကြောင်းလည်း သိရှိရသည်။

လုခ်ရှော သည် ယခုရာသီတွင် အသင်း၌ ခြေစွမ်းပြ ကစားလျက်ရှိနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲကစားရာတွင် (၁)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent