ဘိုလစ်ဗီးယားနှင့်ပွဲတွင် အပေါင်းလက္ခဏာဆောင်သည့်ရလဒ် မျှော်လင့်ထားဟု မြန်မာနည်းပြချုပ် အန်တွမ်နီဟေး ပြောကြား

ဘိုလစ်ဗီးယားနှင့်ပွဲတွင် အပေါင်းလက္ခဏာဆောင်သည့်ရလဒ် မျှော်လင့်ထားဟု မြန်မာနည်းပြချုပ် အန်တွမ်နီဟေး ပြောကြား
Published 13 October 2018

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ယနေ့ ယှဉ်ပြိုင်မည့် ဘို လစ်ဗီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်း ပွဲတွင် အပေါင်းလက္ခဏာဆောင်သည့် ရလဒ် မျှော်လင့်ထားကြောင်း ပြောကြားသည်။

အန်တွမ်နီဟေးက ''အင်ဒိုနီးရှားနဲ့ ခြေ စမ်းပွဲမှာ ဂိုးပြတ်ရှုံးနိမ့်သလို အသင်းရဲ့အား နည်းချက်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့က ငယ်ရွယ်တဲ့အသင်းနဲ့ ယှဉ် ပြိုင်ခဲ့တာဖြစ်ပြီး ရလဒ်ပိုင်းအရ ရှုံးခဲ့ပေမဲ့ အကျိုးအမြတ်တွေ၊ အတွေ့အကြုံကောင်း တွေ အများကြီးရခဲ့ပါတယ်။ လူငယ်ကစား သမားတွေအနေနဲ့ ပွဲများများကစားမှ သူတို့ ရဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်နိုင်မှာပါ။ ကျွန်တော်တို့ အသင်းက ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင် ဆင်နေတာဖြစ်ပေမဲ့ ကမ္ဘာ့အဆင့်သတ်မှတ် ချက်အတွက် ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်း ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော် တို့အနေနဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်မှုနဲ့ ခြေစမ်း ပွဲမှာ ရလဒ်ကောင်းဖို့ နှစ်ခုစလုံးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၁၃ ရက်မှာ ယှဉ်ပြိုင်ကစား မယ့် ဘိုလစ်ဗီးယားအသင်းနဲ့ ခြေစမ်းပွဲက ကျွန်တော်တို့အသင်းအတွက် အရမ်းကို တန်ဖိုးရှိတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ အခုလို ခြေစမ်းခွင့်ရတာက အရမ်းကို အံ့သြစရာ ကောင်းပါတယ်။ ကျွန်တော်တို့ ခြေစမ်းပွဲ ကစားနေကျ အာရှအသင်းတွေမဟုတ်ဘဲ တောင်အမေရိကအသင်းတစ်သင်းနဲ့ ကစား ခွင့်ရတာကြောင့် မတူညီတဲ့အတွေ့အကြုံ ကောင်းတွေရရှိမှာပါ။ ကစားသမားတွေ အနေနဲ့ ဘိုလစ်ဗီးယားအသင်းဆီက အတွေ့ အကြုံကောင်းတွေ ရယူနိုင်ဖို့လိုပါတယ်။ အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲက အားနည်းချက် နဲ့ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံးဖြစ်မယ့် ကစားသမား ၁၁ ယောက်ကို အသုံးပြုမှာပါ။ ဒီပွဲကနေ အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ်ကောင်းတစ်ခုရယူ နိုင်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားသည်။

ဘိုလစ်ဗီးယားအသင်းနှင့် ခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန် တွမ်နီဟေးအတွက် လက်ရွေးစင်နည်းပြဘဝ တတိယမြောက်ပွဲဖြစ်ပြီး ကာတာခြေစမ်းခရီး စဉ်မသွားရောက်မီ နောက်ဆုံးကစားသည့် ခြေစမ်းပွဲလည်းဖြစ်သည်။

Most Read

Most Recent