လုပ်ပွဲကစားခဲ့သည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့် PSG-ဇဗက်ဒါပွဲစဉ်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေ

လုပ်ပွဲကစားခဲ့သည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့် PSG-ဇဗက်ဒါပွဲစဉ်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေ
Published 13 October 2018

ပြင်သစ်အာဏာပိုင်များသည် ပြီးခဲ့သည့် အောက်တိုဘာ(၃)ရက်က ကစားခဲ့သည့် PSG (၆-၁) ဇဗက်ဒါပွဲစဉ်အား လုပ်ပွဲကစားခဲ့သည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့်  စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ပြင်သစ်နာမည်ကြီး အားကစားသတင်းစာ L'Equipe က အဆိုပါပွဲစဉ်ကို  ဇဗက်ဒါအသင်းမှ တာဝန်ရှိသူတစ်ဦးသည် ၎င်းတို့အသင်းအနေဖြင့် PSGအား (၅)ဂိုးပြတ်ရှုံးနိမ့်မည်ဟု ဖွင့်ထားသည့်ကြေးဘက်မှ ပေါင် (၄.၃)သန်းခန့် လောင်းကြေးထပ်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းထွက်ပေါ်လာခဲ့ပြီးနောက် UEFA သည် လုပ်ပွဲသံသယနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ပြင်သစ်အာဏာပိုင်များက သက်ဆိုင်ရာအသင်းများအား စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ PSG နှင့် ဇဗက်ဒါတို့သည် ယင်းသတင်းထွက်ပေါ်လာခဲ့ပြီးနောက် အသီးသီး ငြင်းဆိုမှုများပြုလုပ်ခဲ့ပြီး လုပ်ပွဲပြုလုပ်ခဲ့ကြောင်းမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။

ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် ကစားခဲ့သော PSG (၆-၁) ဇဗက်ဒါပွဲစဉ်တွင်PSG အသင်းအတွက် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ကာဗာနီ၊ ဒီမာရီယာနှင့် ဘာပေတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကာ ဇဗက်ဒါအသင်းအတွက် ချေပဂိုးကို မာကိုမာရင်က သွင်းယူပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent