(၁၃)နှစ်အတွင်း မန်ယူအသင်းတွင် ဂလေဇာမိသားစု ဖြုန်းတီးခဲ့သည့်ငွေကြေး ပေါင်(၁)ဘီလီယံကျော်ရှိခဲ့သည်ဟု သုံးသပ်မှုများ ရှိလာ

(၁၃)နှစ်အတွင်း မန်ယူအသင်းတွင် ဂလေဇာမိသားစု ဖြုန်းတီးခဲ့သည့်ငွေကြေး ပေါင်(၁)ဘီလီယံကျော်ရှိခဲ့သည်ဟု သုံးသပ်မှုများ ရှိလာ
Published 12 October 2018

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစု သည် (၁၃)နှစ်တာကာလအတွင်း မန်ယူအသင်းတွင် ပေါင်(၁)ဘီလီယံကျော် ဖြုန်းတီးခဲ့သည်ဟု ဗြိတိန်မီဒီယာအချို့က သုံးသပ်ဖော်ပြခဲ့ကြသည်။

Daily Mail မှ ဆောင်းပါးရှင် မိုက်ကီးဂန်းက မန်ချက်စတာမြို့မှ ဘောလုံးအသင်း နှစ်သင်းကြားတွင် အလွန်ကွဲပြားခြားနားသည့် ဇာတ်လမ်းများရှိနေခဲ့ပြီး တစ်သင်းက (၁၀)နှစ်တာကာလအတွင်း ပေါင်(၁)ဘီလီယံကျော်ရင်းနှီးမြှုပ်နှံခဲ့ချိန်၌ ကျန်တစ်သင်းမှာ (၁၃)နှစ်အတွင်း ပေါင်(၁)ဘီလီယံကျော် ဖြုန်းတီးခဲ့သည်ဟု ရေးသားခဲ့သည်။ 

ဂလေဇာမိသားစုသည် မန်ယူအသင်း၏ရှယ်ယာများ ကို ၂ဝဝ၅ ခုနှစ်တွင် စတင်ဝယ်ယူခဲ့ပြီး ယင်းအချိန်ကတည်းက တင်ရှိခဲ့သည့်အေြွကးမှာ ယခုအထိ ကျန်ရှိနေဆဲဖြစ်သည်။ 

ဂလေဇာမိသားစု၏ ကြွယ်ဝချမ်းသာမှုမှာ ပေါင်(၃)ဘီလီယံကျော်ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသော်လည်း ၎င်းတို့သည် မန်ယူအသင်းကို ဝယ်ယူရာတွင် ငွေချေး၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 

၂ဝဝ၅ ခုနှစ်တွင် မန်ယူအသင်းကို ပေါင်သန်း(၇၉၀)ဖြင့် ဝယ်ယူခဲ့စဉ်က အကြွေးပေါင်(၅၂၅)သန်းတင်ရှိခဲ့ပြီး (၁၃) နှစ်အကြာတွင် ပေါင်(၄၈၇) သန်းကျန်ရှိနေဆဲ ဖြစ်သည့်အတွက် ဂလေဇာမိသားစု၏ စီမံခန့်ခွဲမှုမှာမေးခွန်းထုတ်စရာဖြစ်နေကြောင်းလည်း မိုက်ကီးဂန်းက ဆိုခဲ့သည်။ 

ထို့ပြင် ဂလေဇာမိသားစုသည် မြင့်မားသည့်လစာငွေများလည်း ရယူနေလျက်ရှိပြီး တစ်နှစ်လျှင် ပေါင်(၁၀) သန်းအထက်ရှိကြောင်း သိရသည်။ 

ရှယ်ယာမှ အမြတ်ငွေထုတ်ယူမှုများ၊ အကြံပေးခအဖြစ် သီးသန့်ငွေကြေးရယူမှုများလည်း ရှိနေသည့်အတွက်ဂလေဇာမိသားစု၏အမြတ်ထုတ်မှုမှာ စိတ်ပျက်ဖွယ်ဖြစ်နေသည်ဟုလည်း ဆိုခဲ့သည်။

ဂလေဇာမိသားစုသည် ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း(ရဝဝ)နီးပါး အသုံးပြုခဲ့သော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည် မရယူနိုင်ခြင်း၊ အသင်း၏အင်အားလျော့ကျလာခြင်းတို့ကြောင့် ယင်းငွေကြေးများမှာ ဖြုန်းတီးရာရောက်ခဲ့ပြီး မြို့ခံပြိုင်ဘက်အသင်းနှင့် ခြားနားမှုဖြစ်စေခဲ့သည်ဟု မိုက်ကီးဂန်းက သုံးသပ်ခဲ့ခြင်းလည်းဖြစ်သည်။

Most Read

Most Recent