နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေဖြစ်ရပ်မှန်များနှင့် ပတ်သက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အမေရိကန်တပ်မတော် US Army Pacific Commander တွေ့ဆုံဆွေးနွေး

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေဖြစ်ရပ်မှန်များနှင့် ပတ်သက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အမေရိကန်တပ်မတော် US Army Pacific Commander တွေ့ဆုံဆွေးနွေး
Published 20 September 2017

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမေရိကန်တပ်မတော် US Army Pacific Commander ဖြစ်သူ General Robert B. Brown တို့အား စက်တင်ဘာ ၁၈ ရက်က အတူတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အမေရိကန်တပ်မတော် US Army Pacific Commander ဖြစ်သူ General Robert B. Brown နှင့် စက်တင်ဘာ ၁၈ ရက်က ဆိုးလ်မြို့ရှိ တည်းခိုရာ ွGrand Hyatt Hotel၊ Bilateral Meeting Room ၌ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေ ဖြစ်ရပ်မှန်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့အတူ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အမေရိကန်တပ်မတော် US Army Pacific Commander ဖြစ်သူ General Robert B. Brown တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကြောင်း သိရသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် (၁၀) ကြိမ်မြောက် ပစိဖိတ်ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (10th Pacific Armies Chiefs Conference) သို့ တက်ရောက်နေစဉ်အတွင်း ထိုသို့တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ဇူလိုင် ၁၇ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီး Mr. Joseph Y. Yun နှင့်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် ဝန်ကြီးနှင့်အဖွဲ့ဝင်များက ကိုရီးယားကျွန်းဆွယ်အရေး၊ အာရှပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေး၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့အား ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကိုရီးယားကျွန်းဆွယ်အား နျူကလီးယားကင်းမဲ့ဇုန် ဖြစ်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း လက်နက်ကိုင် ပဋိပက္ခများရှိ၍ အဖြစ်နိုင်ဆုံး လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ တပ်မတော်များနှင့်လည်း ချစ်ကြည်ရင်းနှီးလိုသည့် ဆန္ဒရှိကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Joseph Y. Yun နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent