အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကို တစ်ပတ်ပေါင်(၂)သိန်းခွဲဖြင့် ကြိုတင်စာချုပ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကို တစ်ပတ်ပေါင်(၂)သိန်းခွဲဖြင့် ကြိုတင်စာချုပ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ
Published 11 October 2018

ဂျူဗင်တပ်စ်အသင်းသည် အာဆင်နယ်အသင်းမှ ဝေးလ်စ်ကွင်းလယ်ကစားသမား ရမ်ဆေးကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကြိုတင်စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

ရမ်ဆေး(၂၇ နှစ်)သည် ယခုရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများက စာချုပ်သက်တမ်းတိုးမြှင့်လိုခြင်း မရှိတော့ကြောင်း သိရှိရသည်။

ထို့ကြောင့် ရမ်ဆေးသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့လိုသည့်အသင်းသစ်နှင့် ကြိုတင်သဘောတူညီမှု ရယူသွားနိုင်မည်ဖြစ်ရာ ဂျူဗင်တပ်စ်အသင်းက ပြိုင်ဘက်များထက် လက်ဦးမှုရယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီသည် ရမ်ဆေး၏ ကစားပုံကို သဘောကျသလို၊ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည်ဖြစ်သည့်အတွက် ဂျူဗင်တပ်စ်အသင်းက ရမ်ဆေးကို တစ်ပတ်လစာပေါင်(၂)သိန်းခွဲဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော် လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့ကလည်း ရမ်ဆေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ရမ်ဆေးကလည်း အင်္ဂလန်တွင် ဆက်လက်နေထိုင်ရန် ဆန္ဒရှိနေသည့်အတွက် ပရီးမီးယားလိဂ်အသင်းများကို ဦးစားပေးရွေးချယ်ဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းက မြင့်မားသည့်လစာနှုန်းထားဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent