ဒေါ်လာဈေးအညွှန်းကိန်း အားပျော့နေပြီး တရုတ်ယွမ်ငွေ တန်ဖိုးတက်လာကာ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ အထိ ပြန်လည်မြင့်တက်

ဒေါ်လာဈေးအညွှန်းကိန်း အားပျော့နေပြီး တရုတ်ယွမ်ငွေ တန်ဖိုးတက်လာကာ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ အထိ ပြန်လည်မြင့်တက်
Published 11 July 2018

ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာဈေးအညွှန်းကိန်း အားပျော့နေပြီး တရုတ်ယွမ်ငွေတန်ဖိုး တက်လာကာ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင် ၁၀ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ဆက်ရှိပြီး တရုတ်ယွမ်ငွေက ယခင်ရက်များထက်တန်ဖိုး မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၀ ရက်တွင် မြန်မာငွေ ၁၀၀ ကျပ်နှင့် ယွမ်ငွေလဲလှယ်နှုန်း ၀ ဒသမ ၄၇၃၅ ရှိပြီး ဇူလိုင် ၉ ရက်တွင် ၀ ဒသမ ၄၇၆၅ ရှိရာ နှိုင်းယှဉ်ပါက မြန်မာကျပ် ငွေတန်ဖိုး ပြန်လည်ကျဆင်း လာခဲ့သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်တွင် ၉၃ ဒသမ ၉၄ ပွိုင့်အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅ -၁၄၀၇ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ်ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက် တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့ နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁  ကျပ်၊ မေ ၂၁ ရက်တွင် ၁၃၅၁  ကျပ်အထိမြင့် တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်၊ ဇွန် ၁၅ ရက်တွင် ၁၃၅၅ ကျပ်၊  ဇွန် ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဇွန် ၂၀ ရက်တွင်  ၁၃၆၈ ကျပ်၊ ဇွန် ၂၁ ရက်တွင် ၁၃၇၅ ကျပ်၊ ဇွန် ၂၆ ရက် တွင် ၁၃၈၃၊ ဇွန် ၂၇ ရက်တွင် ၁၃၉၅၊ ဇွန် ၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိကျ ဆင်းခဲ့ပြီး ဇူလိုင် ၃ ရက်နှင့် ၁၀ ရက်တို့တွင် ကျပ် ၁၄၀၀ အထိပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၁၀ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ ၁၃၉၈ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၁၀ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၆၃၈ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၃၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၅ ကျပ်၊ ထိုင်းဘတ် ၄၂ ဒသမ ၅၅ ကျပ်၊ တရုတ်ယွမ် ၂၁၁ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၆၀ ကျပ်၊ တောင်ကိုရီး ယားဝမ် ၁ ဒသမ ၃၀ ကျပ်ဖြစ်ပြီး ယခင်ရက်နှင့် နှိုင်းယှဉ်ပါက ယူရိုနှင့် စင်ကာပူဒေါ်လာဈေးများ ဆက်လက် မြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent