ဂါရတ်ဘေးလ်ကို ယူရိုသန်း (၁၃၀) ဖြင့် ရောင်းထုတ်ရန် ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေ

ဂါရတ်ဘေးလ်ကို ယူရိုသန်း (၁၃၀) ဖြင့် ရောင်းထုတ်ရန် ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေ
Photo: Reuters
Photo: Reuters
Published 12 April 2019

AS သတင်းစာ၏ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းဒါရိုက်တာဖြစ်သူ အိန်ဂျယ်လ်ဆန်းချက်ဇ်သည် ဧပြီလ (၈) ရက်က ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဘားနတ်နှင့် တွေ့ဆုံခဲ့ပြီး လာမည့်ရာသီတွင် ဘေးလ်အတွက် အသင်းသစ်ရှာထားရန် အသိပေးခဲ့ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ယူရိုသန်း (၁၃၀) ဖြင့် ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရသည်။

ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်မှာ အသင်းနည်းပြ ဇီဒန်း၏ အနာဂတ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။

AS သတင်းစာ၏ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းဒါရိုက်တာဖြစ်သူ အိန်ဂျယ်လ်ဆန်းချက်ဇ်သည် ဧပြီလ (၈) ရက်က ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဘားနတ်နှင့် တွေ့ဆုံခဲ့ပြီး လာမည့်ရာသီတွင် ဘေးလ်အတွက် အသင်းသစ်ရှာထားရန် အသိပေးခဲ့ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ရာသီတွင် ယူရိုသန်း (၄၀၀) အထိ အသုံးပြုကာ အသင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ယင်းအတွက် အသင်းရှိကစားသမားအချို့ကို ရောင်းချကာ ငွေရှာသွားရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘေးလ်ကို အလိုမရှိတော့သော်လည်း ထိုက်တန်သည့်ပြောင်းရွှေ့ကြေးရမှသာလျှင် လက်လွှတ်မည်ဖြစ်ပြီး ယူရိုသန်း (၁၃၀) ဖြင့် ကမ်းလှမ်းလာမည်ဆိုပါက လက်ခံသွားမည်ဖြစ်ကြောင်း AS က ဖော်ပြခဲ့သည်။

အသက် (၂၉) နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် (၆) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၂၇) ပွဲတွင် (၁၀၂) ဂိုး သွင်းယူပေးထားပြီး ၎င်းကိုခေါ်ယူရန် မန်ယူအသင်းက စိတ်ဝင်စားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent