အစ္စရေး-ဟားမားစ်-ပါလက်စတိုင်းပြဿနာ

အစ္စရေး-ဟားမားစ်-ပါလက်စတိုင်းပြဿနာ
Published 6 April 2019
မောင်ြကွယ်စိုး

အစ္စရေးအထွေထွေရွေးကောက်ပွဲ ကျင်းပစဉ် နှစ်ဖက်အလို့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ကြားက အစ္စ ရေးက ဂါဇာကို လေကြောင်းက တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။ မတ် ၂၆ ရက်မှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါလက်စတိုင်း စစ် သွေးကွတွေက ရော့ကတ်များနဲ့ ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် ဂါဇာအရေးပဋိပက္ခ ပြင်းထန်မယ့် အခြေအနေရှိလာပါတယ်။

အီဂျစ်က ဂါဇာအရေးကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီလို့ ဂါဇာကို အုပ်ချုပ်နေတဲ့ ဟားမားစ်က မတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၅ ရက် ညနေပိုင်းမှာ ပါလက်စတိုင်းဘက်က ရော့ကတ်အစင်း ၃၀ ခန့် ပစ်ခတ်ခဲ့ပြီး ညပိုင်းမှာ မော်တာနဲ့ ရော့ကတ်အစင်း ၃၀ ထပ်မံ ပစ်ခတ်ခဲ့တယ် လို့ အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးဘက်က ပစ်မှတ်အသစ် ၁၅ ခု ခန့်ကို ပြန်လှန်ပစ်ခတ်ခဲ့ပါတယ်။ ယင်းပစ်မှတ်ထဲမှာ ဟားမားစ်စစ်တပ်ဝင်းတစ်ခု၊ အစ္စလာမ္မစ် ဂျီဟတ်စခန်းတစ်ခုလည်း ပါဝင် ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ အရမ်းအားပြင်းတယ်။ ဂါဇာဘက်လာပြီး လုပ်သင့်တာတွေလုပ်ဖို့ ကျွန်တော်တို့ တွန့် ဆုတ်နေမှာ မဟုတ်ဘူးဆိုတာ ဟားမားစ် တွေ သိစေလိုတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။

မတ် ၂၅ ရက် အစောပိုင်းကတည်းက တဲအဗစ်မြောက်ပိုင်းရှိ နေအိမ်တစ်အိမ်ဟာ ဂါဇာဘက်မှ ပစ်ခတ်လိုက်တဲ့ တာဝေးပစ် ရော့ကတ် ထိမှန်ခဲ့တာကြောင့် အစ္စရေး ဘက်က အဲဒီညနေပိုင်းမှာပဲ ဟားမားစ် ခေါင်းဆောင် အစ္စမေးဟာနီယာရဲ့ ရုံးအပါ အဝင် ဂါဇာရှိနေရာ ၁၂ နေရာခန့်ကိုပစ်ခတ် မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးဘက်က တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးမှာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ၀ါရှင်တန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံဆွေးနွေးနေချိန်မှာ အစ္စရေး ဘက်က တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဟားမားစ်တွေအနေနဲ့ အစ္စရေးဘက်ကို တိုက်ခိုက်မှုတွေ မပြုလုပ်တော့ဘဲ၊ နယ်မြေ ပြန်လည်ဖွင့်လှစ်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကိုသာ ပြုလုပ်ဖို့ပဲရှိပါတော့ တယ်။ အစ္စရေးဘက်က နယ်စပ်ပိတ်ဆို့ထား မှု ဖြေလျော့ရေး၊ ကာတာနိုင်ငံမှ ဂါဇာအတွက် အကူအညီ တစ်လဒေါ်လာ သန်း ၃၀ ပေး ရေးအတွက် တိုက်ပွဲတွေကို လက်ရှောင်ဖို့ပဲ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အစ္စရေးဘက်က ယာဉ်အသွားအလာ ကန့်သတ်မှုနဲ့ နယ်စပ်ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဂါဇာဘက်မှာရှိနေ တဲ့ ဒေသခံပြည်သူ နှစ်သန်းခန့်ဟာ ဆင်းရဲ မွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှုတွေနဲ့ တွေ့ကြုံ နေရပါတယ်။ ဒါ့အပြင် သောက်သုံးရေ ရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒီအကျိုးဆက်တွေ ဖြစ်ပေါ်ရတာကတော့ အစ္စရေးနဲ့ အီဂျစ်တို့ က ၂၀၀၇ မှာ ဟားမားစ်တွေ လက်ထဲ ဂါဇာ ရောက်ရှိချိန်ကတည်းက ဂါဇာနဲ့ ထိစပ်တဲ့ နယ်နိမိတ်တွေကို ပိတ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဂါဇာဒေသ မှာရှိနေတဲ့ ပြည်သူရာချီပြီး ဟားမားစ်တွေရဲ့ မူဝါဒကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ စျေးနှုန်းကြီးမြင့်နေတာ နဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြ သူတွေ အရိုက်နှက်ခံကြရပြီး တချို့ထောင် ဒဏ်ကျခံခဲ့ကြရပါတယ်။ ဆန္ဒပြသမားတစ် ဦးဖြစ်သူ အေမာဘာလူရှာဟာ အသက်၂၇ နှစ်ရှိပြီး အလုပ်လက်မဲ့တစ်ဦးဖြစ်ပါတယ်။  သူက ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝအဆင်မပြေ၊ မတိုးတက်သမျှ ဆန္ဒပြပွဲ ပြုလုပ်ရမှာဖြစ်ကြောင်း ဘိလူရှာက ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တွေ တိုက်ခိုက်မှု တွေ ရပ်စဲပြီး အစ္စရေးနဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ရရှိခဲ့မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုး ကျေးဇူးတွေ ရလာနိုင်ပါတယ်။ ဂါဇာမှာ ဟားမားစ်တွေသာ အာဏာရခဲ့ရင် အစ္စရေး အတွက် အမြတ်ရမှာဖြစ်ပါတယ်။ ပါလက် စတိုင်းတွေက အစ္စရေးတွေ သိမ်းပိုက်ထား တဲ့ အနောက်ဘက်ကမ်းခြေကို ကိုယ်ပိုင်အုပ် ချုပ်ခွင့်ဒေသရဖို့ လိုလားနေပြီး ဟားမားစ် တွေရဲ့ လက်ထဲမှာရှိနေတဲ့ ဂါဇာကိုလည်း ပါလက်စတိုင်းသမ္မတ အဘားစ်က လိုလား နေပါတယ်။

ဟားမားစ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေ တန်ယာဟုက ၁၉၆၇ ခုနှစ်က အစ္စရေးသိမ်း ပိုက်ခဲ့တဲ့ အနောက်ဘက်ကမ်းခြေ ဂါဇာနဲ့ အရှေ့ဂျေရုစလင်တို့ကို ပါလက်စတိုင်းလက် ထဲရောက်ရှိရေးကို ဆန့်ကျင်ကြပါတယ်။ နေတန်ယာဟုက ဟားမားစ်တွေနဲ့ ဆက်ဆံ ရေးကောင်းမွန်ဖို့ လိုလားနေတဲ့ အကြောင်း ရင်းတစ်ခုထဲမှာ အစ္စရေး-ပါလက်စတိုင်း ပြဿနာနဲ့ ပတ်သက်လို့ အဆုံးသတ်အဖြေ ကို ဟားမားစ်တွေက ရှာမှာမဟုတ်လိုပါပဲ။ ဒါပေမဲ့ ဟားမားစ်နဲ့အစ္စရေးတို့ဟာ စစ်ပွဲ သုံးကြိမ်ဆင်နွှဲခဲ့ပြီး ဖြစ်ပါတယ်။ ဒီနောက် ပိုင်းမှာ နယ်စပ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး အီဂျစ်က ဝင်ရောက်ဖျန်ဖြေ မှုတွေ ပြုလုပ်ပေးနေပါတယ်။ အစ္စရေး ရွေး ကောက်ပွဲနီးလာချိန်မှာတော့ ဟားမားစ်တွေ က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို မိမိတို့ဘက်က လိုအပ်နေတဲ့ နယ်စပ်ဖွင့်လှစ် ရေး၊ ကာတာဘက်မှ ထောက်ပံ့ငွေရရေး အတွက် ရော့ကတ်နဲ့ပစ်ပြီး ဖိအားပေးမှုတွေ ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အနေနဲ့ ရွေးကောက်ပွဲမှာ အဓိကရင်ဆိုင်ရ မယ့် ပြိုင်ဘက်က ကာကွယ်ရေးဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ဘင်နီဂန့်ဇ်ဖြစ်ပါ တယ်။ ဂန့်ဇ်ကတော့ ဟားမားစ်အရေးမှာ နေတန်ယာဟုနဲ့ မတူတဲ့ လမ်းကြောင်းနဲ့လုပ် ဖို့ စီစဉ်ထားပါတယ်။ ဂန့်ဇ်က ဟားမားစ် အရေးမှာ နေတန်ယာဟုနဲ့ မတူတဲ့ လမ်း ကြောင်းနဲ့လုပ်ဖို့ စီစဉ်ထားပါတယ်။ ဂန့်ဇ်က ၂၀၁၈ ဒီဇင်ဘာမှာ ပါတီသစ်တစ်ခုကို ဖွဲ့ စည်းတည်ထောင်ခဲ့ပြီး ပါတီအမည်က Israel Resilience ဖြစ်ပါတယ်။ ဂန့်ဇ်နဲ့ အခြား စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီးနှစ်ဦးဟာ ဟားမားစ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲသုံးကြိမ်မှာ ပါဝင်ခဲ့ကြဖူးပါတယ်။ ဟားမားစ်တွေ ဘက်က ရော့ဘတ်နဲ့ တိုက်ခိုက်မှုကို လက် တုံ့ပြန်တိုက်တာကို လက်ခံပြီး စစ်ဆင်ရေး တွေကို အကန့်အသတ်နဲ့ လုပ်ဆောင်ရမယ် ဆိုတာကို သူတို့က လက်မခံကြပါဘူး။ နယ်စပ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့ရင် ဂါဇာဒေသခံတွေအတွက် သက်သာရာရရှိ မယ်ဆိုတာ လက်ခံထားပါတယ်။ ဒါပေမဲ့ ဟားမားစ်တွေရဲ့ အုပ်ချုပ်မှု သက်ဆိုးရှည် မှာဖြစ်တယ်လို့ ယူဆထားပါတယ်။

ပါလက်စတိုင်းသမ္မတ အဘားစ်က ဟားမားစ်တွေနဲ့ ပူးပေါင်းမှု ကြိုးပမ်းချက်ဟာ မအောင်မြင်ခဲ့တာကြောင့် လက်လျှော့လိုက်ပါတယ်။ ဂါဇာကို စီးပွားရေးအကူအညီတွေ မပေးဖို့ ဖိအားပေးလိုက်ပါတယ်။ ဂါဇာရှိ ပါလက်စတိုင်း စစ်မှုထမ်းဟောင်းတွေ ထောင်ပေါင်းများစွာအတွက် ထောက်ပံ့ငွေတွေလည်း ရပ်တန့်လိုက်ပါတယ်။ အဲဒီလိုအထောက်အပ့ံတွေ ရပ်ဆိုင်းလိုက်တာကြောင့် ဂါဇာရဲ့စီးပွား ရေး ထိခိုက်စေပါတယ်။ အဘားစ်ရဲ့ လုပ်ရပ် ဟာ ဟားမားစ်တွေအနေနဲ့ မကျေနပ်မှုတွေ ဖြစ်ပွားစေမှာ မှန်ပေမဲ့ သူတို့ရဲ့ ဒေါသဟာ မိမိထံကို ရောက်သွားနိုင်တဲ့ အချက်ကို အဘားစ် သတိပြုမိပုံမရပါဖူး။ ကုလသမဂ္ဂ၊ ကာတာ၊ အမေရိကန်နဲ့ အစ္စရေးတို့က ဂါဇာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာသန်းချီ ပေးမယ့် အစီအစဉ်ကိုလည်း အဘားစ်က လီဆယ်ဝင်နေပါတယ်။ ဒီ ဖွံ့ဖြိုးမှု စီမံကိန်း ဟာ ဂါဇာကို ပါလက်စတိုင်းတွေရဲ့ ပိုင်နက် အဖြစ် ပြုလုပ်ရေး အိပ်မက်၊ အနောက်ဘက် ကမ်းခြေနဲ့ အရှေ့ဂျေရုစလင်ကို ပါလက်စ တိုင်း ပိုင်နက်လုပ်ရေး နိုင်ငံရေးအိပ်မက်တွေ ကို ထိခိုက်နိုင်တတ်လို့ အဘားစ်စိုးရိမ်မကင်း ဖြစ်နေပါတယ်။

Most Read

Most Recent