ပါဆီဂျာနှင့်ပွဲတွင် ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းမည်ဟု ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးမင်းသူ ပြောကြား 

ပါဆီဂျာနှင့်ပွဲတွင် ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းမည်ဟု ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးမင်းသူ ပြောကြား 
Published 12 March 2019

ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးမင်းသူက ယခုတစ်ပတ်ယှဉ်ပြိုင်ရမည့် AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲဖြစ်သည့် အင်ဒိုနီးရှားကလပ် ပါဆီဂျာဂျကာတာအသင်း နှင့်ပွဲတွင် ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ဦးမင်းသူက '' ဒီပွဲက ကျွန်တော်တို့အသင်း အတွက် အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ အဖွင့်ပွဲ မှာ ရှုံးခဲ့တဲ့အတွက် ဒီပွဲမှာ အနိုင်ရဖို့ ကြိုးစား မှာပါ။ ပါဆီဂျာအသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို ကျွန်တော့်ရဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ အိုင်ဗန်ကိုလက်ဗ် ကိုင်တွယ်နေတဲ့ အသင်းဖြစ်ပါတယ်။ သူကနည်းပြကောင်း ဖြစ်တာကြောင့် ဒီအသင်းကိုလည်း အသင်းကောင်းတစ်သင်းဖြစ်အောင် တည်ဆောက်ထားမှာ သေချာပါတယ်။ သူတို့အသင်း အနေအထားကို ရုပ်သံတွေကြည့်ပြီး လေ့လာထားပါတယ်။ ကျွန်တော်တို့ဘက်က အကောင်း ဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး မဖြစ်မနေ နိုင်ပွဲရအောင် ကြိုးစားမှာပါ။ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ သူတွေကိုပဲ ပွဲထုတ်မှာပါ။ နိုင်ငံခြားသားနောက်ခံလူ ဒီဒီမာ ဒဏ်ရာရနေတဲ့အတွက်  ခံစစ်မှာ ပြည်တွင်းကစားသမားတွေကိုပဲ အသုံးပြုမှာပါ''ဟု ပြောကြားသည်။ 

အိုင်ဗန်ကိုလက်ဗ်သည် မြန်မာ့လက်ရွေးစင်အသင်း ကို ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကိုင်တွယ် ခဲ့ဖူးပြီး ဦးမင်းသူမှာ ၎င်းင်းလက်ထက်တွင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။ 

အိုင်ဗန်ကိုလက်ဗ်သည် မြန်မာအသင်း ကို ၂၀၀၄ တိုက်ဂါးဖလားပြိုင်ပွဲ (ယခု ဆူဇူကီး ပြိုင်ပွဲ) တွင် ပထမဆုံး ဆီမီးဖိုင်နယ်တက် ရောက်ခွင့်ရရန် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ 

၎င်းသည် ပါဆီဂျာအသင်းကို ယခုနှစ်တွင် ပြန်လည်ကိုင်တွယ်နေခြင်းဖြစ်သည်။

Most Read

Most Recent