ဂိုုးပြတ်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်တဲ့ မန်စီးတီး

ဂိုုးပြတ်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်တဲ့ မန်စီးတီး
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 26 January 2019

■ မန်စီးတီး ၅-၀ ဘန်လေ

FA ဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာ မန်စီးတီးအသင်းက အိမ်ကွင်း အီတီဟတ်ဒ်မှာ ဘန်လေအသင်းကို (၅-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ပဥ္စမအဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ အိမ်ကွင်းမှာ အမှားအယွင်းမဖြစ်ဖို့အတွက် အတောင့်တင်းဆုံးလူအင်အားကို ပွဲထွက်အသုံးပြုခဲ့ပြီး ဘန်လေအသင်းကို ပွဲချိန်တစ်လျှောက်လုံး တစ်ဖက်သက်ဖိအားပေးကစားသွားခဲ့တာပါ။

ပွဲစကတည်းက မန်တီးတီးအသင်း ဂိုးရဖို့ကြိုးပမ်းခဲ့ပြီး အခွင့်အရေးတွေလည်းရခဲ့ပေမယ့် ဘန်လေအသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားနစ်ပုပ်တို့ အကောင်းဆုံးပုံစံမှာရှိနေတာကြောင့် ဂိုးစောစောမရခဲ့ပါဘူး။

မန်စီးတီးအသင်းအတွက်အဖွင့်ဂိုးကိုတော့ ပွဲချိန် (၂၃) မိနစ်မှာ ဒန်နီလိုရဲ့ပေးပို့မှုကနေ ဂျေးဆူက သွင်းယူပေးခဲ့ပါတယ်။

အဖွင့်ဂိုးရပြီးချိန်မှာလည်း မန်စီးတီးအသင်း ဆက်တိုက်ဖိအားပေးကစားခဲ့ပြီး ဂိုးတွေထပ်ရဖို့ကြိုးပမ်းခဲ့ပေမယ့် ဘန်လေဂိုးသမား နစ်ပုပ်အကောင်းဆုံးပုံစံမှာရှိနေတာကြောင့် ပထမပိုင်းမှာတော့ (၁-၀) ဂိုးနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းကစားအားပိုတင်လာခဲ့လို့ ဘန်လေအသင်းခံစစ်မှာသာအချိန်ကုန်နေခဲ့ပြီး (၅၂) မိနစ်မှာ ဒီဘရိုင်းနားရဲ့ပေးပို့မှုကနေ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း မန်စီးတီးအသင်း ဂိုးတွေဆက်တိုက်ရရှိခဲ့ပြီး (၆၁) မိနစ်မှာ ဒီဘရိုင်းနားက တတိယဂိုးကို အဝေးကန်ချက်နဲ့ လှလှပပသွင်းယူခဲ့ပါတယ်။ 

ဒီဂိုးဟာ ဒီဘရိုင်းနားအတွက် ပြီးခဲ့တဲ့ရာသီက စရေတွက်မယ်ဆို ဂိုးဧရိယာအပြင်ကနေ သွင်းယူတဲ့ ပြိုင်ပွဲစုံ (၁၀) ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး အခြားပရီးမီးယားလိဂ်ကစားသမားတိုင်းထက် သာလွန်တဲ့စွမ်းဆောင်ရည်လည်းဖြစ်ပါတယ်။

မန်စီးတီးအသင်း ဆက်တိုက်ဖိအားပေးကစားခဲ့ပြီး (၇၃) မိနစ်မှာ ဒီဘရိုင်းနားရဲ့ပေးပို့မှုကို ဘန်လေနောက်ခံလူ ကီဗင်လောင်း ရှင်းထုတ်ရှာမှာ ကိုယ့်ဂိုးကိုယ်ဝင်သွားခဲ့လို့ မန်စီးတီးအသင်း စတုတ္ထဂိုးရခဲ့ပါတယ်။

(၈၅) မိနစ်မှာတော့ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ဘန်လေခံစစ်ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ပယ်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဒီပယ်နယ်တီကို လူစားဝင်တိုက်စစ်မှူး အဂွဲရိုးက အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက (၅-၀) ဂိုးနဲ့အနိုင်ရခဲ့ပြီး FA ဖလား ပဥ္စမအဆင့်ကို (၄)နှစ်ဆက်တက်ရောက်နိုင်ခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

FA ဖလားစတုတ္ထအဆင့်

အက်ကရင်တန် ၀-၁ ဒါဘီ

ဆွမ်ဆီး ၄-၁ ဂီလင်ဟမ်

ရှရူးဘူရီ ၂-၂ ဝုလ်ဗ်

ဘရိုက်တန် ၀-၀ ဝက်စ်ဘရွန်း

ဒွန်ကက်စတာ ၂-၁ အိုးလ်ဟမ်း

မစ်ဒယ်ဘရော့ ၁-၁ နယူးပို့တ်

မန်စီးတီး ၅-၀ ဘန်လေ

ပို့စ်မောက် ၁-၁ QPR

နယူးကာဆယ် ၀-၂ ဝက်ဖို့ဒ်

လာလီဂါ

ဆီဗီလာ ၅-၀ လီဗန်တေး

အက်သလက်တီကို ၂-၀ ဂီတာဖေး



စီးရီးအေ

ဆာဆူအိုလို ၃-၀ ကာဂလီယာရီ

ဘွန်ဒစ်လီဂါ

ဒေါ့မွန် ၅-၁ ဟန်နိုဗာ

မိုချန်ဂလာဘတ် ၂-၀ အော့စ်ဘတ်

ဖရိုင်းဘတ် ၂-၄ ဟော်ဖန်ဟင်မ်

မိန့်ဇ် ၂-၁ နုရင်ဘတ်

ဝုလ်ဖ်ဘတ် ၀-၃ လေဗာကူဆင်

လိဂ်ချန်ပီယံရှစ်

အက်စတွန်ဗီလာ ၂-၁ အစ်ဝစ်ချ်

ဘလက်ဘန်း ၃-၀ ဟားလ်စီးတီး

နောဝစ်ချ် ၂-၂ ရှက်ဖီးယူနိုက်တက်

နော်တင်ဟမ် ၃-၁ ဝီဂန်

ရော့သာဟမ် ၁-၂ လိဒ်စ်

စတုတ်စီးတီး ၀-၂ ပရက်စတန်

Most Read

Most Recent