၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် အီဂျစ်ကျင်းပခွင့်ရရှိ

၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် အီဂျစ်ကျင်းပခွင့်ရရှိ
Photo:EPA-EFE/ middleeasteye.net
Photo:EPA-EFE/ middleeasteye.net
Published 9 January 2019

အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF)သည် လာမည့် ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အီဂျစ် နိုင်ငံကို  အတည်ပြုရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

CAF သည် မူလက အိမ်ရှင်နိုင်ငံအဖြစ် လက်ရှိချန်ပီယံ ကင်မရွန်းအား ရွေးချယ်ထားသော်လည်း ပြိုင်ပွဲအမီပြင်ဆင်မှုများ မပြုလုပ်နိုင်ခဲ့ခြင်းအတွက် ယင်းအစီအစဉ်ကိုပယ်ဖျက်ခဲ့ရကာ ယခုကဲ့သို့ အိမ်ရှင်အသစ်တစ်ဖန်ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။ 

 

 

 

ပြီးခဲ့သည့် ၂၀၁၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် အီဂျစ်အသင်းသည် အိမ်ရှင်ကျင်းပခွင့်အတွက် တောင်အာဖရိကနိုင်ငံအား မဲအရေအတွက်အပြတ်အသတ်ဖြင့် ကျော်ဖြတ်နိုင်ခဲ့ကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခွင့်ရခြင်းလည်းဖြစ်သည်။ 

အီဂျစ်အသင်းသည်  ပုံမှန်ကျင်းပနေကျ (၁၆)သင်းပါဝင်သည့်ပြိုင်ပွဲမှ (၂၄)သင်းသို့စတင်ပြောင်းလဲကျင်းပရန်ဆုံးဖြတ်ခဲ့သည့် ယခုနှစ်တွင် အိမ်ရှင်အဖြစ်ကျင်းပခွင့်ရခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းအဖြစ် (၇)ကြိမ် ဗိုလ်စွဲထားသည်။

၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအား လာမည့် ဇွန် (၁၅)ရက်မှ ဇူလိုင် (၁၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အီဂျစ်အသင်းအ နေဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ရန် ရည်မှန်းလျက်ရှိကြောင်း သိရသည်။