လာလီဂါ ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်

လာလီဂါ ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်
Photo : Footballticketnet.com
Photo : Footballticketnet.com
Published 5 January 2019

ယနေ့တွင် လာလီဂါပွဲစဉ်(၃)ပွဲရှိပါသည်။

ဗယ်လာဒိုလစ် နှင့် ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ညနေ ၆း၃၀ နာရီ)

ဗယ်လက်ကာနိုရဲ့ အဝေးကွင်းခြေစွမ်းက သိပ်စိတ်မချရ သေးဘူး။ ခံစစ်ပိတ်ကစားဖို့ပဲ အဓိကကြိုးစားလေ့ရှိတဲ့ ဗယ် လက်ကာနိုဘက်ကို ဗယ်လာဒိုလစ်တိုက်စစ် ဘယ်လောက်ထိ ဖိအားပေးကစားပြနိုင်မလဲဘဲ စောင့်ကြည့်ရမယ်ထင်တယ်။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

အလာဗတ်စ် နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် ည ၉း၄၅ နာရီ)

၂၀၁၈ အကုန်မှာ ဗလင်စီယာအသင်း အဆင့် (၈)အထိ ရောက်လာပေမယ့် ကစားပုံကတော့ စိတ်ချထားလို့မရသေးဘူး။ အသင်းရဲ့အဓိက ကစားသမားအများစု ဒဏ်ရာပြဿနာတွေ ရှိနေပြီး တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနှုန်းပုံမှန်မရှိတာက အ လာဗတ်စ်လို အိမ်ကွင်းကစားပုံမာတဲ့အသင်းကို ကျော်ဖြတ်ဖို့ ခက်ပါလိမ့်မယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲကြိုက်နေမိတယ်။

ဟူဆကာ နှင့် ဘက်တစ် (မြန်မာစံတော်ချိန် နံနက် ၂း၁၅ နာရီ)

ဘက်တစ်နှစ်ကုန်ခါနီး ခြေပြန်တွေ့လာပေမယ့် အဝေး ကွင်းမှာတော့ ဘက်တစ်ခြေစွမ်းကို ပုံမှန်မှန်းလို့ မရသေးဘူး။ ဟူဆကာကလည်း ဇယားအောက်ဆုံးကလွတ်ဖို့ နှစ်သစ်မှာအ စွမ်းကုန်ရုန်းရတော့မယ်။ ဟူဆကာနဲ့ ဂိုးအများပဲ ရွေးချင်တယ်။

 

Most Read

Most Recent