ကမ္ဘာ့ရွှေစျေး ၁၂၉၅ ဒေါ်လာဝန်းကျင်အထိ ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်း နှစ်ရက်ဆက်တိုက်စံချိန်ချိုးပြီး ကျပ် ၁၀၅၀၅၀၀ ဖြင့် စံချိန်သစ်ထပ်တင်

ကမ္ဘာ့ရွှေစျေး ၁၂၉၅ ဒေါ်လာဝန်းကျင်အထိ ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်း နှစ်ရက်ဆက်တိုက်စံချိန်ချိုးပြီး ကျပ် ၁၀၅၀၅၀၀ ဖြင့် စံချိန်သစ်ထပ်တင်
Published 4 January 2019
စည်သူအောင်

ကမ္ဘာ့ရွှေစျေးသည် ဇန်နဝါရီ ၄ ရက်တွင် ၁၂၉၅ ဒေါ်လာဝန်းကျင်အထိ ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်း နှစ်ရက်ဆက်တိုက် စံချိန်ချိုးပြီး ကျပ် ၁၀၅၀၅၀၀ ဖြင့် စံချိန်သစ်ထပ်တင်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေစျေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေစျေး မြင့်တက်မှုနှင့်အတူ စံချိန်တင်စျေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာ လလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် တင်ထားသော စံချိန်ကို ၂၀၁၈ ခုနှစ်သြဂုတ် ၂၃ ရက်မှစတင် ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံး ဖြစ်ပေါ်သည်။ ထို့နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိပြန်လည်ကျဆင်းခဲ့ပြီး  စက်တင်ဘာ ၁၁  မှစတင်ကာ ရွှေစျေးနှုန်းစံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် အောက်တိုဘာလဆန်းနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိကျ ဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေစျေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၁၀၂၅၅၀၀၊ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၀ ရက်တွင် ကျပ် ၁၀၃၃၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျော်ဖြတ်ခဲ့ပြီး ကျပ် ၁၀၄၈၅၀၀ အထိ၊ ဇန်နဝါရီ ၄ ရက်တွင် ကျပ် ၁၀၅၀၅၀၀  အထိ နှစ်ရက်ဆက်တိုက် စံချိန်သစ်အဖြစ် ဆက်လက်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေစျေးကို ပြန်ကြည့်ပါက အောက်တိုဘာလအတွင်း ပြည်တွင်းရွှေစျေးအနိမ့်ဆုံးနှုန်း ကျပ် ၉၆၉၀၀၀ (အောက်တိုဘာ ၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၄၀၀၀၀ (အောက်တိုဘာ ၃၁ ရက်၊ နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေစျေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၁၀၂၇၁၀၀ (နိုဝင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၄၄၅၀၀ (နိုဝင်ဘာ ၂ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေစျေး အနိမ့်ဆုံးစျေးနှုန်း ကျပ် ၉၈၇၀၀၀ (ဒီဇင်ဘာ ၄ ရက်)၊ အမြင့်ဆုံးစျေးနှုန်း ကျပ် ၁၀၄၃၀၀၀ (ဒီဇင်ဘာ ၂၉ ရက်)၊ တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လ အလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့် ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၈ ခုနှစ် မေတွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂- ၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၈၊ သြဂုတ် တွင် ၁၁၇၄- ၁၂၂၁ ၊ စက်တင်ဘာတွင် ၁၁၈၂ -၁၂၀၆၊ အောက်တိုဘာတွင် ၁၁၈၅-၁၂၃၅ ဒေါ်လာ၊ နိုဝင်ဘာတွင်  ၁၁၉၈-၁၂၃၅ ဒေါ် လာ၊ ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင် မှ ၆၀ ဝန်းကျင်အထိ ရှိခဲ့သည်။ 

Most Read

Most Recent