ပရိသတ်များ အံ့အားသင့်စေခဲ့သည့် သရုပ်ဆောင် တေးသံရှင်ရွှေထူးနှင့် ရွှေမှုန်ရတီတို့၏ မင်္ဂလာသတင်း

ပရိသတ်များ အံ့အားသင့်စေခဲ့သည့် သရုပ်ဆောင် တေးသံရှင်ရွှေထူးနှင့် ရွှေမှုန်ရတီတို့၏ မင်္ဂလာသတင်း
Published 1 January 2019

၂၀၁၈ ခုနှစ်အတွင်း ပရိသတ်အံ့အားသင့်စရာ အနုပညာသတင်းစကား တစ်ခုမှာ သရုပ်ဆောင်တေးသံရှင် ရွှေထူးနှင့် ရွှေမှုန်ရတီတို့၏ မင်္ဂလာလက်ထပ်ပွဲ သတင်းပင်ဖြစ်သည်။ ချစ်သူများဖြစ်ကြောင်း ပရိသတ်များထံ အသိပေးထားပြီး နှစ်လခန့်အကြာတွင် မင်္ဂလာဖိတ်စာများအား လူမှုကွန်ရက်တွင်တင်ကာ မင်္ဂလာပွဲဆင်နွှဲတော့မည်ဖြစ်ကြောင်း ပရိသတ်များထံ အသိပေးခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် တေးသံရှင် ရွှေထူးနှင့် ရွှေမှုန်ရတီတို့၏ မင်္ဂလာအစီအစဉ်အား နှစ်ဦးသဘောဆန္ဒဖြင့် စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို နေပြည်တော်တွင် သူငယ်ချင်းများနှင့်ပြုလုပ်ခဲ့သည်။ ထို့နောက် မင်္ဂလာဦး ဆွမ်းကျွေးမင်္ဂလာအစီအစဉ်ကို မှော်ဘီရှိ အောင်ဇမ္ဘူတောရကျောင်းတိုက်၌ ပြုလုပ်ခဲ့ပြီး မီဒီယာများကိုပါ ဖိတ်ကြားခဲ့သည်။ ရွှေထူးနှင့် ရွှေမှုန်ရတီတို့၏ မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့အင်းလျားလိတ် ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ကာ အနုပညာရှင် အများအပြားက တက်ရောက် ချီးမြှင့်ခဲ့သည်။ ရွှေထူးနှင့် ရွှေမှုန်ရတီတို့သည် မင်္ဂလာအစီအစဉ်အပြီးတွင် ဥရောပနိုင်ငံများသို့ ဟန်းနီးမွန်းခရီးထွက်ခွာသွားပြီး ခရီးစဉ်တစ်လျှောက်တွင်လည်း ပရိသတ်များထံ Live လွှင့်ပေးခဲ့သည်။ ဟန်းနီးမွန်းခရီးတွင် လွှင့်ခဲ့သည့် Live တစ်ခု၌ ရွှေမှုန်ရတီ၏ သီချင်းဆိုသည့်အသံအား ပရိသတ်များက အား ပေးခဲ့ကြသဖြင့် ဟန်းနီးမွန်းခရီးမှ ပြန်လည်ရောက်ရှိချိန်တွင် ရွှေထူးရေးသားကာ ရွှေမှုန်ရတီသီဆိုထားသည့် ‘အမှား’ တေးသီချင်း Music Video အား လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။

Most Read

Most Recent