မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကစက်သုံးဆီဆိုင် ၂၄၀၀ ခန့်ရှိလာပြီး မန္တလေးတိုင်းဒေသကြီးအတွင်း အများဆုံးဖွင့်လှစ်ထား

မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကစက်သုံးဆီဆိုင် ၂၄၀၀ ခန့်ရှိလာပြီး မန္တလေးတိုင်းဒေသကြီးအတွင်း အများဆုံးဖွင့်လှစ်ထား
Published 29 December 2018

မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကစက်သုံးဆီဆိုင် ၂၄၀၀ ခန့်ရှိလာပြီး မန္တလေးတိုင်းဒေသကြီးအတွင်း အများဆုံးဖွင့်လှစ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

တိုင်းဒေသကြီးအလိုက် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ခွင့်ပြုထုတ်ပေးထားမှုမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၈၇ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇၄ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၀၈ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၁၀ ဆိုင်၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၄၆ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၉၂ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၁၆၀ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၂ ဆိုင်ဖြစ်သည်။

ပြည်နယ်များအလိုက် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ခွင့်ပြုထုတ်ပေးထားမှုမှာ ကချင်ပြည်နယ်တွင် ၈၅ ဆိုင်၊ ကယားပြည်နယ်တွင် ၁၄ ဆိုင်၊ ကရင်ပြည်နယ်တွင် ၄၃ ဆိုင်၊ ချင်းပြည်နယ်တွင် ၄ ဆိုင်၊ မွန်ပြည်နယ်တွင် ၁၁၄ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၃၆ ဆိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၅၂ ဆိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၁၈၅ ဆိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၁၅၇ ဆိုင် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည် နယ် ၁၄ ခုတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ခွင့်ပြုထုတ်ပေးထားမှု စုစုပေါင်း  ၂၃၈၉ ဆိုင်အထိရှိလာခြင်း ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၁၈ ခုနှစ် အောက်တို ဘာလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ယာဉ်စီးရေ ၇၁၅၈၀၆၄ စီးရှိပြီး ဆိုင်ကယ် ၅၉၃၂၂၈၆ စီး၊ လူစီးယာဉ် ၅၃၈၈၈၄ စီးပါဝင်သည်။ ယာဉ်စီးရေ ခုနစ်သန်းကျော်တွင် ဓာတ်ဆီအသုံးပြုသောယာဉ် ၆၆၁၂၇၆၂ စီး၊ ဒီဇယ်အသုံးပြုသောယာဉ် ၅၀၈၄၉၆ စီးရှိပြီး မန္တလေးတိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်အများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူစီးယာဉ်အများဆုံးမှတ်ပုံတင်ထားကြောင်း သိရသည်။

မှတ်ပုံတင်ထားသောယာဉ်စီးရေ အများဆုံးဒေသများမှာ မန္တလေးတိုင်းဒေသကြီးတွင် ၂၂၄၂၀၀၃ စီး၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၉၀၅၀၁၀ စီး၊ ပဲခူးတိုင်းဒေသကြီးတွင် ၆၄၂၂၁၃၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၆၀၈၃၆၅ စီး၊ မကွေးတိုင်းဒေသကြီးတွင် ၅၁၁၃၀၃ စီး၊ မွန်ပြည်နယ်တွင် ၃၇၂၈၁၇ စီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၂၆၆၁၈၆ စီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၃၁၂၃၂ စီး၊ နေပြည်တော်တွင် ၁၉၁၇၂၉ စီးစသည်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent