၂၀၁၉ MNL ပြိုင်ပွဲ ပွဲစဉ်များထွက်ပေါ်လာပြီး လက်ရှိချန်ပီယံ ရန်ကုန်နှင့် ဟံသာဝတီ စတင်တွေ့ဆုံ

၂၀၁၉ MNL ပြိုင်ပွဲ ပွဲစဉ်များထွက်ပေါ်လာပြီး လက်ရှိချန်ပီယံ ရန်ကုန်နှင့် ဟံသာဝတီ စတင်တွေ့ဆုံ
Photo : EMG
Photo : EMG
Published 29 December 2018

ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်း၏ အာ ဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကြောင့် ဖေ ဖော်ဝါရီ ၃ ရက် ပွဲစဉ်များအပြီးတွင် ခေတ္တ ရပ်နားမည်ဖြစ်သည်။ 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များထွက်ပေါ်လာပြီဖြစ်ပြီး လက်ရှိချန်ပီယံ ရန်ကုန်အသင်းသည် ဟံသာဝတီအသင်း နှင့် ပွဲဦးထွက် စတင်ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း သိရသည်။

ပထမအကျော့ပွဲစဉ်ရေးဆွဲထားမှုအရ ရတနာပုံအသင်းသည် အိမ်ကွင်းပွဲကျပ်များ ဆက်တိုက်ကစားရမည်ဖြစ်ပြီး အိမ်ကွင်းပြင် 

ဆင်နေသည့် ရှမ်းယူနိုက်တက်အသင်းမှာမူ ပထမအကျော့ ပွဲစဉ်အားလုံးကို အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ရတနာပုံ အသင်းသည် ပွဲစဉ် (၁) တွင် ပြင်ဆင်မှုများ စွာပြုလုပ်ထားသည့် ဧရာဝတီနှင့် စတင် ကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်၊ ရန်ကုန်၊ မကွေး၊ ဟံသာဝတီတို့နှင့် ဆက်တိုက်ကစား ရမည်ဖြစ်သည်။ 

ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်း၏ အာ ဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကြောင့် ဖေ ဖော်ဝါရီ ၃ ရက် ပွဲစဉ်များအပြီးတွင် ခေတ္တ ရပ်နားမည်ဖြစ်သည်။ 

ထို့ပြင် မတ်လတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲကြောင့် မတ် ၂၊ ၃၊ ၄ ရက်တွင် ပွဲစဉ် (၅) ကျင်းပပြီး နောက် သုံးပတ်ကျော်ကြာ ထပ်မံရပ်နားမည် ဖြစ်သည်။ 

လက်ရှိချန်ပီယံ ရန်ကုန်အသင်းနှင့် ဒုတိယဆုရ ရှမ်းယူနိုက်တက်အသင်းမှာမူ ပထမအကျော့ နောက်ဆုံးပွဲမှသာ ထိပ်တိုက်ဆုံတွေ့မည်ဖြစ်သည်။ 

ပြိုင်ပွဲဝင် ၁၂ သင်း အနက် ရန်ကုန်၊ ရခိုင်၊ ရတနာပုံ၊ Southern၊ ဟံသာဝတီ၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် ရှမ်းယူ နိုက်တက်အသင်းတို့သာ အိမ်ကွင်းလက်ခံ ကျင်းပမည်ဖြစ်ပြီး မကွေး၊ ဒဂုံ၊ Chinland နှင့် ဇွဲကပင်အသင်းတို့မှာမူ အိမ်ကွင်းလက်ခံ ကျင်းပနိုင်ခြင်းမရှိသောကြောင့် သုဝဏ္ဏကွင်း ကို အိမ်ကွင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ 

အောင်ဆန်းကွင်းမှာမူ အကြီးစားပြုပြင်ရန် စီစဉ်နေသောကြောင့် MNL ပြိုင်ပွဲ လက်ခံ ကျင်းပမည်မဟုတ်ဘဲ အိမ်ကွင်းမရှိသည့် အသင်းများအနေဖြင့် သုဝဏ္ဏကွင်းကိုသာ အသုံးပြုရမည်ဖြစ်သည်။

    

၂၀၁၉ ရာသီ MNL ပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းအများစုမှာ နိုင်ငံခြားသားကစား သမားများ အသုံးပြုမည်ဖြစ်သော်လည်း ဒဂုံ၊ ရတနာပုံ၊ မကွေးနှင့် Southern အသင်းတို့ မှာမူ ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင် မည်ဖြစ်သည်။ 

၂၀၁၉ ရာသီ MNL ပြိုင်ပွဲ ပွဲစဉ်များကို ပြိုင်ပွဲမစတင်မီ ၁၀ ရက်ကျော် အလိုမှသာ ထုတ်ပြန်နိုင်ခဲ့ပြီး MNL-2 (ပထမတန်း) ပြိုင်ပွဲချန်ပီယံ ရွိုင်ရယ်သန်လျင် အသင်းနေရာတွင် အစားထိုးမည့် Chinland အသင်းကိုလည်း ဒီဇင်ဘာ ၂၇ ရက်မှ အတည် ပြုနိုင်ခဲ့သည်။

MNL ပွဲစဉ် (၁)

၁၂-၁-၁၉        ရန်ကုန်    -    ဟံသာဝတီ    YUSC

        စစ်ကိုင်း    -    ရှမ်း        မုံရွာ

၁၃-၁-၁၉        ဒဂုံ    -    ဇွဲကပင်        သုဝဏ္ဏ

        Southern    -    Chinland        မော်လမြိုင်

        ရတနာပုံ    -    ဧရာဝတီ        ဗထူး

၁၅-၁-၁၉    ရခိုင်    -    မကွေး    ဝေသာလီ

Most Read

Most Recent