■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 6 September 2024

ဥရုဂွေး - ပါရာဂွေး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၆:၀၀ နာရီ)

အခုပွဲမှာ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်က လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားပါလိမ့်မယ်။ ကိုပါအမေရိကပြိုင်ပွဲမှာ ဆွာရက်ဇ် အရန်ခုံသာ ထိုင်ခဲ့ရပေမဲ့ လက်ရှိအသင်းလူစာရင်းမှာတော့ နူးနက်ဇ် မပါလာဖို့ ပွဲထွက်ကစားမှာ သေချာသလောက်ပါပဲ။ အာဂျင်တိုင်း နည်းပြ ဘီယဲလ်ဆာလက်ထက် ဥရုဂွေးအသင်းက ခြေစစ်ပွဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ကို အနိုင်ကစားထားပြီး ယုံကြည်မှုလည်း အတော်မြင့်နေတယ်။ ပါရာဂွေးအသင်းမှာ အယ်လ်မီရွန်၊ ဆာနာဘရီယာ၊ အန်စီဆိုတို့ရှိပေမဲ့ ဥရုဂွေးကို မယှဉ်နိုင်ပါဘူး။ ဥရုဂွေး ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။



ဘရာဇီးလ် - အီကွေဒေါ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၇:၃၀ နာရီ)

အီကွေဒေါအနေနဲ့ သမိုင်းတစ်လျှောက်မှာ ဘရာဇီးလ်အသင်းကို နှစ်ကြိမ်သာ အနိုင်ရရှိခဲ့ပြီး နှစ်ပွဲစလုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲတွေဖြစ်တယ်။ ဒါ့အပြင် နိုင်ပွဲမရတာကလည်း ဆယ်စုနှစ် နှစ်ခုနီးပါးအထိ ရှိလာခဲ့တယ်။ နှစ်သင်းစလုံးက ပြီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတယ်။ ဘရာဇီးလ်နည်းပြ ဒေါ်ရီဗယ်လ်ဂျူနီယာအတွက် ပထမဆုံးနိုင်ငံတကာပွဲ မှာ စိတ်ပျက်စရာလည်း ဖြစ်ခဲ့ရတယ်။ အခုနိုင်ငံတကာပွဲတွေ အတွက်လည်း ရာဖင်ညာ၊ မာတင်နယ်လီနဲ့ ဂျော်အိုပတ်ဒရိုတို့ကို မရွေးဘဲ ဘရာဇီးလ်မှာ ပြန်ရောက်နေတဲ့ လူးကပ်စ်မော်ရာကို ရွေးချယ်ခဲ့တယ်။ လက်ရှိအနေအထားမှာ ဘရာဇီးလ်ထက် အီကွေဒေါကတောင် ပိုတည်ငြိမ်နေသလိုပါပဲ။ အီကွေဒေါနဲ့ စွန့် စားတာပိုကောင်းမယ်။



ပီရူး - ကိုလံဘီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက် ၈:၀၀ နာရီ)

ကိုလံဘီယာအသင်းက ကိုပါအမေရိကပြိုင်ပွဲမှာ ဒုတိယနေရာ ရယူထားတဲ့အသင်းဖြစ်ပြီး စိတ်ဓာတ်ပိုင်းလည်း အမြင့် ဆုံးရောက်နေနိုင်တယ်။ ဟာမီးရိုဒရီဂွက်ဇ်၊ ကော်ဒိုဘာ၊ လူးဝစ်ဒီယက်ဇ် တိုက်စစ်အတွဲက အလုပ်ဖြစ်နေပြီး ဟာမီးစ်ရိုဒရီဂွက်ဇ်ကလည်း ၂၀၁၄ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့သလိုမျိုး ယုံကြည်မှုပြန်ရနေတယ်။ ပီရူးအသင်းက တောင်အမေရိကဇုန်မှာ နိုင်ပွဲမရသေးတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်သလို၊ အမှတ်ပေးဇယားအောက်ဆုံးကိုလည်း ရောက်နေတယ်။ ဒါပေမဲ့ ကိုလံဘီယာ အမှတ်ဆုံးရှုံးလို့ရတဲ့ အနေအထားကိုတော့ ထည့်တွက်ရမယ်။ အိမ်ရှင်ကို အရဲစွန့်ရွေးချင်တယ်။

Most Read

Most Recent