■ ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်မှ စပိန်ကို ဖယ်ရှားသင့်သည်ဟု ဗင်နီစီယပ်စ် အကြံပြု     

■ ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်မှ စပိန်ကို ဖယ်ရှားသင့်သည်ဟု ဗင်နီစီယပ်စ် အကြံပြု     
Photo: Sky Sports
Photo: Sky Sports
Published 6 September 2024

ရီးယဲလ်အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အိမ်ရှင်အဖြစ်မှ စပိန်နိုင်ငံကို ဖယ်ရှားသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။ 

ဗင်နီစီယပ်စ်သည် စပိန်နိုင်ငံ၏ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲ ဖြစ်သည့် လာလီဂါတွင် ယှဉ်ပြိုင်ကစားနေသော်လည်း လူမျိုးရေးခွဲခြားမှုများနှင့် ရင်ဆိုင်နေရသည့်အတွက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့် နှစ်ရာသီကျော်အတွင်း လာလီဂါပွဲစဉ်များတွင် လူမျိုးရေးခွဲခြားမှု (၁၆) ကြိမ်ထက် မနည်းခံခဲ့ရကြောင်း သိရှိရသည်။ 

"စပိန်မှာ လူမျိုးရေးခွဲခြားမှုတွေ လျော့ကျမသွားဘူးဆိုရင် ၂၀၃၀ ကမ္ဘာ့ဖလားကို တခြားနေရာမှာ ပြောင်းလဲကျင်းပသင့်ပါတယ်"ဟု ဗင်နီစီယပ်စ်က ဆိုခဲ့သည်။ 

စပိန်နိုင်ငံသည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားခြင်းဖြစ်သည်။

ဗင်နီစီယပ်စ်သည် စပိန်တွင် လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုများနှင့် ရင်ဆိုင်နေရသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းတွင် ပျော်ရွှင်နေပြီး အသင်းမှထွက်ခွာရန် ဆန္ဒမရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent