၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၆၅ ဒသမ ၉ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၆ ဒသမ ၆၂ ဘီလျံကျော်ဝင်ရောက်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၆၅ ဒသမ ၉ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၆ ဒသမ ၆၂ ဘီလျံကျော်ဝင်ရောက်
သီလဝါအထူးစီးပွားရေးဇုန်ရှိ ပုဂ္ဂလိကစက်သုံးဆီဆိပ်ကမ်းနှင့် သိုလှောင်ရုံတစ်ခုကို တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုန်ရှိ ပုဂ္ဂလိကစက်သုံးဆီဆိပ်ကမ်းနှင့် သိုလှောင်ရုံတစ်ခုကို တွေ့ရစဉ်
Published 25 December 2018
စည်သူအောင်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၆၅ ဒသမ ၉ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၆ ဒသမ ၆၂ ဘီလျံကျော်ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုက ဒေါ်လာ ၃၇ ဒသမ ၄၉၂ သန်း၊ နိုဝင်ဘာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၆ ခုက ဒေါ်လာ ၄၂၈ ဒသမ ၄၀၈ သန်းဝင်ရောက်မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ နှစ်လအတွင်း ကဏ္ဍအလိုက်ဝင်ရောက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းတစ်ခုက ဒေါ်လာ ၁၇၁ ဒသမ ၇၉၀ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းခြောက်ခုက ဒေါ်လာ ၁၄၉ ဒသမ ၂၉၁ သန်း၊ စက်မှုကဏ္ဍတွင် လုပ်ငန်း ၂၀ ခုက ဒေါ်လာ ၁၀၀ ဒသမ ၀၆၄ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းသုံးခုက ဒေါ်လာ ၁၉ ဒသမ ၅၆၁ သန်း၊ လယ်ယာကဏ္ဍတွင် လုပ်ငန်းသုံးခုက ဒေါ်လာ ၁၀ ဒသမ ၆၂ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်မှုအဖြစ် ဒေါ်လာ ၁၀ ဒသမ ၂၀၄ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် လုပ်ငန်းတစ်ခုက ဒေါ် လာ ၄ ဒသမ ၃၇၀ သန်း ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုများမှ ပြည်တွင်းအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုများမှာ အောက်တိုဘာလတွင် ၃၅၆၆ ဦး၊ နိုဝင်ဘာလတွင် ၁၁၂၇၈ ဦးတို့ဖြစ်ပြီး စက်မှုကဏ္ဍတွင် ၁၃၀၀၀ ကျော်အထိ အလုပ်အကိုင်ပေးအပ်နိုင်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုက ကျပ် ၄၂၁၈၉ ဒသမ ၆၂၄ သန်း၊ နိုဝင်ဘာတွင်  နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုက  ကျပ် ၂၂၄၄၃၂ ဒသမ ၄၄၀ သန်း ဝင်ရောက်မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ နှစ်လအတွင်း ကဏ္ဍအလိုက်ဝင်ရောက်သော နိုင်ငံသားရင်းနှီး မြှုပ်နှံမှုများမှာ စက်မှုကဏ္ဍတွင် လုပ်ငန်း ၁၃ ခုက ကျပ် ၁၇၉ ဒသမ ၇၄၈ ဘီလျံ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း ၁၀ ခုက ကျပ် ၄၀ ဒသမ ၂၈၂ ဘီလျံ၊ ဟိုတယ်နှင့် ခရီး သွားကဏ္ဍတွင် လုပ်ငန်းရှစ်ခုက ကျပ် ၂၂ ဒသမ ၄၇၈ ဘီလျံ၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် လုပ်ငန်းသုံးခုက ကျပ် ၁၆ ဒသမ ၀၉၆ ဘီလျံ၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် လုပ်ငန်းတစ်ခုက ကျပ် ၅ ဒသမ ၉ ဘီလျံ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် လုပ်ငန်းတစ်ခုက ကျပ် ၂ ဒသမ ၁၀၇ ဘီလျံရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံသားများ၏ရင်းနှီးမြှုပ်နှံများအရ ပြည်တွင်းအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုများမှာ အောက်တိုဘာလတွင် ၁၄၉၉ ဦး၊ နိုဝင်ဘာလတွင် ၂၁၇၄ ဦးတို့ဖြစ်ပြီး စက်မှုကဏ္ဍတွင် ၁၉၀၀ ကျော်အထိ အလုပ်အကိုင်ပေးအပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသို့ နှစ်အလိုက်ဝင်ရောက် ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများ  မှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘ ဏ္ဍာနှစ်တွင် ဒေါ်လာ ၉၄၈၆ ဒသမ ၁၂၃ ဘီ လျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၇၁၈ ဒသမ ၀၈၆ သန်း၊ ၂၀၁၈ ဧပြီ-စက်တင်ဘာတွင် ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်း ဖြစ်သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၈၀၆၃ ဘီလျံကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ် ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီ လျံကျော်ရှိပြီး လက်ရှိအစိုးရ တက်ရောက်ပြီး သက်တမ်း ၃၂ လတာကာလ အတွင်း ကျပ် ၆၄၃၉ ဘီလျံဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent