CMP အထည်ချုပ် တင်ပို့မှုသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း နှစ်စဉ် ၂၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံအထိ တိုးတက်ရရှိအောင် ဆောင်ရွက်လျက်ရှိ

CMP အထည်ချုပ် တင်ပို့မှုသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း နှစ်စဉ် ၂၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံအထိ တိုးတက်ရရှိအောင် ဆောင်ရွက်လျက်ရှိ
ရန်ကုန်မြို့အတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့အတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 20 December 2018
ဇေယျာငြိမ်း

မြန်မာနိုင်ငံ၏ CMP အထည်ချုပ် တင်ပို့မှုသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံအထိ တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကုန်သည်ကြီးများအသင်း (EuroCham Myanmar) ၏ ၂၀၁၈ White Book ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အကြံပြုချက်များတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ CMP အထည်ချုပ်လုပ်ငန်း စုစုပေါင်း တင်ပို့မှုသည် ဒေါ်လာ ၂ ဒသမ၂ ဘီလျံအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုသည် EU ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေး GSP/EBA ရရှိခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်ကာ EU စျေးကွက်သို့ တင်ပို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ  ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါး ခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအ ထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲ့ပြီး မြန်မာ နိုင်ငံ၏  စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင် နှုန်းအထိ ရောက်ရှိလာသည်အထိ အထည်ချုပ် လုပ်ငန်းများ တစ်ရှိန်ထိုးတိုး တက်လာခဲ့ ကြောင်း၊ ပို့ကုန်စျေးကွက်တွင်လည်း အီယူ စျေးကွက်သို့ တင်ပို့မှုမှာ ယခင် နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင် ဥရောပသမဂ္ဂ Mission အဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လေ့လာရေး ခရီးစဉ် ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူအခွင့်အရေး အခြေအနေများကို ကွင်းဆင်းလေ့လာမည့်အပြင် ILO အဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံပိုင်ရှင်များ အရပ်ဘက် အဖွဲ့အစည်းများပါမကျန် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေး GSP/EBA ကို ဖယ်ရှားရန် သင့် မသင့်ကို ဆုံးဖြတ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် EU က ပေးထားသည့် GSP/EBA အခွင့်အရေးကို ဆက်လက်ပေးအပ်ထားရှိရန် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင်များက ဥရောပသမဂ္ဂ (EU) သို့ တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

EU က ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP/EBA) ကို ပြန်လည်ရုပ်သိမ်းသွားမည် ဆိုပါက မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံတို့ကိုပင် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်က ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သည့် (EU EBA Monitoring Mission) အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“GSP ပြုတ်ခဲ့တယ်ဆိုရင် ကျွန်တော် တို့ဘက်က ရှစ်ရာခိုင်နှုန်းကနေ ၁၅ ရာခိုင် နှုန်း ခုနကလက်ခတွေတို့ အကျႌတန်ဖိုးတွေ ကို လျှော့နိုင်မလားဆိုတဲ့အနေနဲ့ တခြားနိုင်ငံ တွေ ဘင်္ဂလားဒေ့ရှ်တို့ လာအိုတို့လို နိုင်ငံမျိုး ကို အဲ့လိုနိုင်ငံမျိုးတွေနဲ့ ယှဉ်ပြိုင်နိုင်ပြီး လုပ် နိုင်မလားဆိုတာ စိုးရိမ်ရတဲ့အခြေအနေလို့ ထပ်မံပြီးတော့ ဖြည့်စွက်ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်အသင်းဥက္ကဌ ဦးမြင့်စိုးက ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီး အထည်) အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံကို လေ့လာကြည့်ပါက ဂျာမနီနိုင်ငံသို့ အမေ ရိကန် ဒေါ်လာသန်း  ၉၃၀၊ U.K သို့ အမေရိကန်ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈ သန်း၊ အီတလီနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၄၅ သန်း၊ ဂျပန်နိုင်ငံသို့ အမေရိ ကန်ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၉၉ သန်း၊ အမေရိ ကန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၁၁ သန်း အထိ တင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစား စနစ်ဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

Most Read

Most Recent