စပါးအသင်းသည် အသင်း၏ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်အား တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။
အသက် (၃၁) နှစ်အရွယ်ရှိ ဗာတွန်ဂန်သည် ၂၀၁၁ ခုနှစ်က အေဂျက်စ်အသင်းမှ စပါးအသင်းသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၅၄) ပွဲအထိကစားထားသူဖြစ်သည်။
ဗာတွန်ဂန်၏စာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်ပါအချက်အလက်အရ စပါးအသင်းက ၄င်းကို တစ်ရာသီသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
စပါးအသင်း၏ ထုတ်ပြန်ချက်တွင် " ဗာတွန်ဂန်၏ စာချုပ်ပါအချက်အရ တစ်နှစ်သက်တမ်းတိုးခဲ့ကြောင်း၊ ယင်းအချက်အရ ဗာတွန်ဂန်မှာ စပါးအသင်းတွင် ၂၀၂၀ ခုနှစ်အထိရှိနေမည်ဖြစ်ကြောင်း ဗာတွန်ဂန်သည် စပါးအသင်းတွင် အကောင်းဆုံးစွမ်းဆောင်ခဲ့သည့် ကစားသမားဖြစ်ကြောင်းနှင့် ဘယ်လ်ဂျီယံအသင်း၏ သမိုင်းတွင်လည်း ပွဲပေါင်း (၁၁၀) ဖြင့် ပွဲအများဆုံးကစားထားသည့် ကစားသမားဖြစ်ကြောင်း'' ပါရှိသည်။
ဗာတွန်ဂန်က လက်ရှိအချိန်တွင် အသက် (၃၁) နှစ်ရှိနေပြီဖြစ်သော်လည်း ၄င်းအနေဖြင့် ဘောလုံးလောကတွင် (၄)နှစ် (၅) နှစ်ခန့် ကစားနိုင်ဦးမည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။