■ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်းလူစာရင်းတွင် ဘာပေ ပါဝင်ခြင်းမရှိ     

■ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်းလူစာရင်းတွင် ဘာပေ ပါဝင်ခြင်းမရှိ     
Photo: Getty Images
Photo: Getty Images
Published 4 October 2024

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်သည် အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များအတွက် ပြင်သစ်အသင်း လူစာရင်းကို ရွေးချယ်ခဲ့ရာ ပေါင်ဒဏ်ရာရရှိနေသည့် ရီးယဲလ်တိုက်စစ်မှူး ဘာပေကို ချန်လှပ်ခဲ့ကြောင်း သိရသည်။ 

ဘာပေသည် အလာဗတ်စ်နှင့် ယှဉ်ပြိုင်ခဲ့သည့် လာလီဂါပွဲစဉ်တွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး မက်ဒရစ်ဒါဘီပွဲကို လွဲချော်ခဲ့ရသည်။ 

၎င်းအနေဖြင့် လိုင်လီနှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် လူစားဝင်ကစားခဲ့သော်လည်း ဒေးရွှမ့်က လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒေးရွှမ့်က မိမိအနေဖြင့် စွန့်စားလိုခြင်း မရှိသောကြောင့် ဘာပေကို မရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဘာပေသည် ရီးယဲလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၀) ပွဲတွင် (၇) ဂိုး သွင်းယူထားသော်လည်း ထင်မှတ်ထားသလောက် ခြေစွမ်းမပြနိုင်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။