ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 10 December 2018

အဲဗာတန် နှင့် ဝက်ဖို့ဒ် (အင်္ဂါနံနက် ၂း၃၀ နာရီ)

ရပ်တည်မှုရော၊ ခြေစွမ်းရော သိပ်မကွာကြတဲ့အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံးက မာကျောပါတယ်။ ခံစစ်ကို စနစ်တကျ ကစားတတ်ကြပြီး တိုက်စစ်ပိုင်းမှာလည်း ပေါက်ကွဲအားကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်။ အထူးသဖြင့် အဲဗာတန်က ပိုကောင်းတယ်။ အိမ်ကွင်း (၇)ပွဲမှာ (၅)ပွဲနိုင်၊ (၁)ပွဲသရေကစားထားပြီး (၁၃)ဂိုးသွင်းယူနိုင်တဲ့တိုက်စစ်က အားရစရာကောင်းပါတယ်။ အဲဗာတန် (၂-၁)လောက်နဲ့ နိုင်မယ်။ 

ဘီလ်ဘာအို နှင့် ဟီရိုနာ (အင်္ဂါနံနက် ၂း၃၀ နာရီ)

ဘီလ်ဘာအိုက အကျဘက်ရောက်လာချိန်မှာ ဟီရိုနာကတော့ ခြေတွေ့နေချိန်ပဲဖြစ်တယ်။ ဒါကြောင့် လက်ရှိခြေစွမ်းတွေ အတိုင်းဆိုရင်တော့ ဘီလ်ဘာအို ခက်ခက်ခဲခဲကစားရမယ့်ပွဲမျိုးပါပဲ။ ဒါပေမဲ့ ဒီ(၂)သင်းတွေ့ရင် အမြဲလိုသတိထားရတဲ့အစဉ် အလာတွေအရ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

Most Read

Most Recent