ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် ငါးနှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သည့်စျေးတွင် ဆက်လက်ရပ်တည်နေပြီး ဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ဝန်းကျင်ဖြင့် အကျဘက်ရှိနေ

ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် ငါးနှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သည့်စျေးတွင် ဆက်လက်ရပ်တည်နေပြီး ဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ဝန်းကျင်ဖြင့် အကျဘက်ရှိနေ
Published 7 December 2018
နီလာ

 

ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၅ဝဝဝဖြင့် ငါးနှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သည့်စျေးတွင် ဆက်လက်ရပ်တည်နေပြီး ဧည့်မထနှင့်ငစိန် ဆန်များပါဝင်သည့် ဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ်၂၀၀၀၀ ဝန်းကျင်ဖြင့် အကျဘက်တွင်ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍၂၀၁၈ ခုနှစ် နိုဝင်ဘာအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများကို လေ့လာကြည့်ပါက ၂၀၁၄ ခုနှစ်က ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်  ၄၃၅၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၊ ငစိန် ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်းတွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊  ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန်တစ်အိတ် လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ရှိခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းက ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်  ၄၃၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ်၃၆၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ရှိခဲ့သည်။

၂၀၁ရခုနှစ်အတွင်း ၁၀၈ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာတွင်  ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၉၇၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၂၀၀၀ အထိ စျေးရှိခဲ့သည်။

နိုဝင်ဘာတွင်မူ ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်  ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၂၀၀၀၊  ဧည့်မထ ၂၅ မှတ်ဆန် တစ် အိတ် လျှင် ကျပ် ၁၉၅၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ်၂၂ဝဝဝအထိ စျေးရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၆၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၆၃ဝဝဝအထိ လည်းကောင်း၊ မြောင်းမြ /ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၅၂၀၀၀ မှ အမြင့်ဆုံးကျပ် ၅၆၀၀၀ အထိ လည်းကောင်း၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံးကျပ်၅၀၀၀၀ မှအမြင့်ဆုံး ကျပ် ၅၂ဝဝဝအထိလည်းကောင်း၊ ဧည့်မထ  (၂၅ မှတ်ဆန်)တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၂၂၅ဝဝမှ အမြင့်ဆုံးကျပ် ၂၂၈၀၀ အထိလည်းကောင်း အသီးသီးစျေးရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာပထမပတ်အတွင်းတွင်မူ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၆၂၀၀၀ မှ အမြင့်ဆုံးကျပ် ၆၄၀၀၀ အထိ လည်းကောင်း၊ မြောင်းမြ /ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၃၈၀၀၀ မှ အမြင့်ဆုံးကျပ် ၄၂၀၀၀ အထိလည်းကောင်း၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၃၆၀၀၀၀ မှအမြင့်ဆုံး ကျပ် ၃၈၀၀၀ အထိလည်းကောင်း၊ ဧည့်မထ (၂၅ မှတ် ဆန်) တစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၂၁၀၀၀ မှ အမြင့်ဆုံးကျပ် ၂၂၅၀၀ အထိလည်းကောင်း အသီးသီးစျေးရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက ဆန်ချောစျေး အမြင့်စျေးတွင်သာ ဆက်လက်ရပ်တည်နေပြီး ဆန်ကြမ်းစျေးအနည်းငယ်ကျဆင်းလာကြောင်း သိရသည်။                                                              

Most Read

Most Recent