First Eleven Sports Journal မှ ရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများအတွက် ပရိသတ်များထံ ဆန္ဒမဲ ကောက်ခံမှု

First Eleven Sports Journal မှ ရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများအတွက် ပရိသတ်များထံ ဆန္ဒမဲ ကောက်ခံမှု
Published 4 December 2018

First Eleven Sports Journal စတင် ထုတ်ဝေခဲ့သည့် ၂၀၀၀ ခုနှစ်မှ စတင်၍ နှစ်စဉ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှင့် မြန်မာ့အကောင်းဆုံး ဘောလုံးသမားတို့ ရွေးချယ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ ပြင်ပမှ အားကစား ကလောင်ရှင်များနှင့် ပရိသတ်များ၏ ဆန္ဒမဲကို ကောက်ခံကာ အကောင်းဆုံး ဘောလုံးသမားများကို ရွေးချယ်ခဲ့ပါသည်။

ယခု ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှင့် မြန်မာ့အကောင်းဆုံး ဘောလုံးသမားတို့ကို ရွေးချယ်နိုင်ရန် First Eleven Sports Journal အယ်ဒီတာအဖွဲ့မှ ပဏာမ ကစားသမား (၃) ဦးစီ ရွေးချယ်ခဲ့ပြီး ပရိသတ်များ၏ ဆန္ဒမဲကို ကောက်ခံကာ ဆုံးဖြတ်မည် ဖြစ်ပါသည်။

ပဏာမ ကစားသမား (၃) ဦးစီကို ရွေးချယ်ရာ၌ ၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာ ကစားသမားများ၏ လက်ရွေးစင်အသင်းတွင် အကျိုးပြုသည့် အနေအထား၊ ၎င်းလက်ရွေးစင်အသင်း၏ အောင်မြင်မှု၊ ကလပ်အသင်းတွင် အကျိုးပြုသည့် အနေအထား၊ ၎င်းကလပ်အသင်း၏ အောင်မြင်မှုတို့ကို ခြုံငုံသုံးသပ်ကာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ အကောင်းဆုံး ဘောလုံးသမား (၃) ဦးကို ပဏာမ ရွေးချယ်ရာ၌ အောင်သူမှာ မြန်မာလက်ရွေးစင်အသင်းနှင့် ယူ-၂၃ အသင်းအတွက် အားထားရသော တိုက်စစ်မှူး တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီး အငှားသွားရောက် ကစားသော ထိုင်းလိဂ်ကလပ် Police Tero အသင်းတွင်လည်း ခြေစွမ်းပြကာ ဂိုးများ သွင်းယူပေးခဲ့ခြင်းကြောင့် ပမာဏစာရင်းတွင် ထပ်မံ ရွေးချယ်ခဲ့ပါသည်။ ထို့အတူ မောင်မောင်လွင်မှာ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်းကို ချန်ပီယံဆု (၂) ခု ရရှိစေရန် အဓိက စွမ်းဆောင်ပေးခဲ့သည့်အပြင် မြန်မာလက်ရွေးစင်အသင်းနှင့် ယူ-၂၃ အသင်းများတွင် အသင်းအတွက် များစွာ အထောက်အကူပြုနိုင်သည့်အတွက် ပမာဏစာရင်းတွင် ထည့်သွင်း ရွေးချယ်ခဲ့ပါသည်။ ဂိုးသမား ကျော်ဇင်ထက်မှာ ရှုံးထွက်ဖလား ဗိုလ်လုပွဲတွင် စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်များ ရှိခဲ့သော်လည်း မြန်မာလက်ရွေးစင်အသင်းအတွက် ဆူဇူကီးဖလားပြိုင်ပွဲတွင် အကောင်းဆုံး လက်စွမ်းပြကာ အသင်းကို ဦးဆောင်မှုပေးနိုင်ခဲ့ခြင်း၊ အာရှ အားကစားပြိုင်ပွဲတွင် မြန်မာယူ-၂၃ အသင်းအတွက် လက်စွမ်းပြ ကစားခဲ့ခြင်းများအပြင်  ရန်ကုန်ယူနိုက်တက်အသင်းကို ချန်ပီယံဆု (၂) ခု ရရှိစေရန် စွမ်းဆောင်ပေးခဲ့ခြင်းများကြောင့် ယခု ပမာဏစာရင်းတွင် ထည့်သွင်း ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

ပရိသတ်များအနေဖြင့် ပဏာမ ရွေးချယ်ထားသော ကစားသမားများထဲမှ မိမိတို့ ရွေးချယ်လိုသော အကောင်းဆုံး ကစားသမားကို Vote လုပ် (မဲပေး) နိုင်ပါသည်။ ပရိသတ်များ၏ မဲပေးမှုကို ၂၀၁၉၊ ဇန်နဝါရီလ (၄) ရက်နေ့အထိ လက်ခံသွားပါမည်။

 

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု

 

မိုဒရစ် (ရီးယဲလ်/ခရိုအေးရှား)
 
စီရော်နယ်လ်ဒို (ဂျူပင်တပ်စ်/ပေါ်တူဂီ)
 
ဂရီးဇ်မန်း (အက်သလက်တီကို/ပြင်သစ်)
 
pollcode.com free polls

 

မြန်မာ အကောင်းဆုံး ဘောလုံးသမားဆု

 

ကျော်ဇင်ထက်(ရန်ကုန်ယူနိုက်တက်)
 
အောင်သူ (ရတနာပုံ)
 
မောင်မောင်လွင်(ရန်ကုန်ယူနိုက်တက်)
 
pollcode.com free polls

Most Read

Most Recent