ဂျူဗင်တပ်စ်နှင့်ပွဲအပြီး ပြုလုပ်ခဲ့သည့်အပြုအမူအတွက် မန်ယူအသင်းနည်းပြမော်ရင်ဟို တောင်းပန်

ဂျူဗင်တပ်စ်နှင့်ပွဲအပြီး ပြုလုပ်ခဲ့သည့်အပြုအမူအတွက် မန်ယူအသင်းနည်းပြမော်ရင်ဟို တောင်းပန်
Photo: AFP
Photo: AFP
Published 9 November 2018

 

မန်ယူအသင်း၏နည်းပြ မော်ရင်ဟိုက ဂျူဗင်တပ်စ်အသင်းကို အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ကွင်းအတွင်းဝင်ရောက်လာပြီး ဂျူဗင်တပ်စ်အသင်းပရိသတ်များကို အမူအရာဖြင့် လှောင်ပြောင်ခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

အီတလီကလပ် အင်တာမီလန်အသင်း၏ နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုသည် ၎င်းကို ပွဲချိန်တစ်လျှောက်လုံး လှောင်ပြောင်ခဲ့ကြသည့် ဂျူဗင်တပ်စ်အသင်းပရိသတ်များအား ပွဲအပြီးတွင် အနိုင်ရခဲ့ပြီးနောက် ကွင်းအတွင်းဝင်လာပြီး နားရွက်နား၌ လက်ကိုထားကာ အသံကျယ်ကျယ်အော်ကြရန် အမူအရာပြုလုပ်ကာ ပြန်လည်လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟို၏ အပြုအမူအပေါ် ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဘိုနူချီက ဒေါသထွက်ခဲ့ပြီး စောဒကတက်ခဲ့ရာ ကွင်းအတွင်းသို့ တာဝန်ရှိသူများဝင်ရောက်လာပြီး အဝတ်လဲခန်းရှိရာသို့ ခေါ်ဆောင်သွားခဲ့ရသည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မော်ရင်ဟိုက "ကျွန်တော် ဘယ်သူ့ကိုမှ ပြန်တိုက်ခိုက်တာ မဟုတ်ပါဘူး။ သူတို့ကို ဒီထက် အသံကျယ်ကျယ် အော်ကြပါဦးဆိုတဲ့အမူအရာကို လုပ်ပြခဲ့တာပါ။ တကယ်တော့ ဒီလိုမလုပ်ခဲ့သင့်ပါဘူး။ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားတဲ့အချိန်မှာ မလုပ်ခဲ့သင့်ဘူးဆိုတာကို တွေးမိပါတယ်။ ဒါပေမဲ့ ပွဲချိန်တစ်လျှောက်လုံး ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ရဲ့အင်တာမီလန်မိသားစုတွေပါ အတိုက်ခိုက်ခံခဲ့ရလို့ ဒီလိုတုံ့ပြန်မိခဲ့တာပါ။ ဒီနိုင်ပွဲအတွက် အင်တာမီလန်ပရိသတ်သန်းပေါင်းများစွာလည်း ပျော်ရွှင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂျူဗင်တပ်စ်အသင်းကို လေးစားပါတယ်။ သူတို့ရဲ့ ကစားသမားတွေ၊ နည်းပြနဲ့ သူတို့ရဲ့အရည်အသွေးကို တကယ်လေးစားပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent