သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 3 October 2018

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ရူဂါနီအား ခေါ်ယူရန်ပစ်မှတ်ထားနေပြီး အသင်းဘုတ်အဖွဲ့ထံ ၎င်းင်းကိုခေါ်ယူနိုင်ရေးအတွက် အသိပေးထားကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ အီတလီလက်ရွေးစင်အသင်းအတွက် (၇)ပွဲကစားခွင့်ရရှိထားသူ ရူဂါနီ(၂၄ နှစ်)ကို ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကလည်း ချယ်လ်ဆီးအသင်း ကြိုးပမ်းခဲ့ဖူးသည်။

မန်ယူအသင်း၏ နောက်ခံလူဟောင်း အီဗရာသည် အသင်းသို့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ဝက်စ်ဟမ်း (၃-၁) မန်ယူပွဲတွင် အီဗရာသည် VIP ပွဲကြည့်စင်၌ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့်အတူ ယင်းပွဲအား ကြည့်ရှုအားပေးခဲ့သည်။ သို့သော် ဝက်စ်ဟမ်းအသင်းနှင့် အီဗရာ ချုပ်ဆိုထားသော စာချုပ်မှာ လာမည့်နှစ် ဇွန်လမှကုန်ဆုံးမည်ဖြစ်သည်။

လီဗာပူးလ်အသင်း၏ ၀ါရင့်တိုက်စစ်မှူး စတာရစ်ချ်က ယခုရာသီတွင် မိမိအနေဖြင့် ပွဲကစားချိန်နည်းပါးသော်လည်း ပြဿနာမရှိကြောင်းနှင့် မိမိကစားသည့်အချိန်များတွင် အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စတာရစ်ချ်က နည်းပြယာဂန်ကလော့ပ်၏ ဆုံးဖြတ်ချက်များကို မိမိ လေးလေးစားစားလိုက်နာသွားမည်ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းမရှိ ၍ ၎င်းင်းအနေဖြင့် လာမည့် ၂၀၁၉၊ ဇန်နဝါရီလတွင် ပြည်ပကလပ်အသင်းများနှင့် အ ပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။ သူ၏ စာချုပ်သက်တမ်းမှာ ၂၀၁၉၊ နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အသင်း၏ ၀ါရင့်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အား စာ ချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရှိရသည်။ ဒေးဗစ်လူးဝစ်ဇ်သည် အသက် (၃၂)နှစ်ရှိပြီဖြစ်သည့်အတွက် အသက် (၃၀)နှစ်ကျော် ကစားသမားများကို သက်တမ်းတိုးရာတွင် ချမှတ်ထားသော အသင်း၏ မူဝါဒအရ (၁၂)လသက်တမ်းတိုးစာချုပ်သာ ချုပ်ဆိုသွားမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

ရာသီအစတွင် ရလဒ်များ ဆိုးရွားခဲ့သော ဝက်စ်ဟမ်းအသင်း နိုင်ပွဲများပြန်လည်ရရှိပြီး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာခြင်းတွင် အဓိကကျသူတစ်ဦးမှာ အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်လ်ဖြစ် သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ နိုဘယ်လ်သည် အဝတ်လဲခန်းထဲ၌ ဒေါသပေါက်ကွဲပြီး အသင်းကို နိုင်ပွဲပြန်ရရှိရန် တွန်းအားပေးခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်း၏ အင်္ဂလန်ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် သူ၏ အသင်းဟောင်း လိဒ်စ်ယူနိုက်တက်အသင်း သို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း  သိရသည်။ မီလ်နာသည် လိဒ်စ်တွင် ကစား သမားဘဝ စတင်ခဲ့သူဖြစ်ပြီး လာမည့်ရာသီ တွင် လိဒ်စ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခဲ့ပါက သူ၏အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု Daily Star သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent