မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် အမျိုးသမီးတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဇူလိုင် ၁၉ရက် နံနက် ၉နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်၊ရွှေလရောင်ဝင်းအတွင်းရှိ RC သုံးထပ်တိုက် နေအိမ် အပေါ်ထပ်မှ အိမ်အကူလုပ်ကိုင်သူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဒေါ်နန်းခမ်းသူ အသက်(၅၂) နှစ် သည် နေအိမ်အပေါ်ဆုံးထပ်ဝရံတာတွင် ပန်းကန်များဆေးကြောနေစဉ် ခြေချော်ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ပြုတ်ကျမှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ၊ လက်နှင့်ခြေထောက်ညိုမဲဒဏ်ရာများ ရရှိသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး သေမှုသေခင်းဖြင့် အမှတ်(၄) ရဲစခန်းတွင် အမှုဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရသည်။















