■ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်မှ သယ်ဆောင်ခဲ့ပြီး မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် ကျပ် ၁၅ ဒသမ ဝ၂ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

■ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်မှ သယ်ဆောင်ခဲ့ပြီး မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် ကျပ် ၁၅ ဒသမ ဝ၂ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 7 April 2026

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်မှ သယ်ဆောင်ခဲ့ပြီး မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် ကျပ် ၁၅ ဒသမ ဝ၂ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

 ဖြစိစဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူများ ရောက်ရှိနေကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် နံနက် ၈နာရီ ၃၀မိနစ်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြား၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူများဖြစ်သည့် အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ)သီတာ တို့အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ၎င်းတို့၏ နေအိမ်အား သွားရောက် ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉.၂၂ သိန်းပြား(ခန့်မှန်းတန်ဖိုး ၁ ပြားလျှင် ၁၅၀၀ ကျပ်)၊ ဘိန်းဖြူ ၅.၅ ကီလို ဂရမ်(ခန့်မှန်းတန်ဖိုး ၁ ကီလို ဂရမ်လျှင် ငွေကျပ်သိန်း ၂၅၀ ကျပ်)၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅ ဒသမ ၀၂ ဘီလျံခန့် ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ နေ အိုက်ချွမ်(ဖမ်းဆီးရန်ကျန်)က မူးယစ်ဆေးဝါးများကို မန္တလေးမြို့ အတွင်း ပြန်လည် ရောင်းချရန် ၎င်း၏ အစီအစဉ်ဖြင့် အမရပူရမြို့ နယ်၊ ဒေါင်းရွေးကျေးရွာရှိ အောင်ကျော်စိုး နှင့် ဇနီးဖြစ်သူ သူဇာသန်း(ခ)သီတာ တို့၏နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အိုက်ချွမ်(ဖမ်းဆီးရန်ကျန်) ပို့ဆောင် ပေးသည့် မူးယစ်ဆေးဝါးများကို အောင်ကျော်စိုး နှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ)သီတာ တို့က မန္တလေးမြို့တွင် ပြန်လည်ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်အတူဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်ပါဝင်ပတ်သက်သူများအား ဖော်ထုတ် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent