ရုရှားစစ်လေယာဉ်တစ်စင်းပျက်ကျပြီး လူ ၂၉ ဦး သေဆုံး

ရုရှားစစ်လေယာဉ်တစ်စင်းပျက်ကျပြီး လူ ၂၉ ဦး သေဆုံး
Published 1 April 2026
Ref: AFP

ရုရှားနိုင်ငံ၏ Antonov-26 စစ်ဘက်သုံးလေယာဉ်တစ်စီးသည် ခရိုင်းမီးယားကျွန်းဆွယ်ပေးတွင် ပျံသန်းနေချိန် ပျက်ကျခဲ့သဖြင့် လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဧပြီ ၁ ရက်တွင် ဖော်ပြခဲ့သင်္ည။

“မော်စကိုစံတော်ချိန် မတ်လ ၃၁ ရက်၊ ညနေ ၆ နာရီဝန်းကျင်မှာ ခရိုင်းမီးယားကျွန်းဆွယ်ပေါ်မှာ ပုံမှန်ခရီးစဉ်အတိုင်း ပျံသန်းနေတဲ့ An-26 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် An-26 လေယာဉ် ပျက်ကျခဲ့သည့်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ သတင်းပေးပို့ချက်များအရ လေယာဉ်ပေါ်လိုက်ပါသွားသည့် လေယာဉ်အဖွဲ့သား ၆ ဦးနှင့် ခရီးသည် ၂၃ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လေယာဉ်ပျက်စီးပုံများကို လေ့လာသုံးသပ်မှုအရ ပြင်ပမှ တိုက်ခိုက်ခံရသည့် လက္ခဏာများကို မတွေ့ရှိရကြောင်းနှင့် လက်ရှိအခြေအနေတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်သာ ပျက်ကျခြင်းဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

Photo- TASS

Most Read

Most Recent