သရက်ချောင်းမြို့နယ်ရှိ KNLA နှင့် PDF ယာယီစိုးမိုးထားသည့် ဝင်းဝတံတားကို တပ်မ​တော်စစ်​ကြောင်းများက ပြန်လည်ထိန်းချုပ်ပြီး ထားဝယ်-မြိတ်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်

သရက်ချောင်းမြို့နယ်ရှိ KNLA နှင့် PDF ယာယီစိုးမိုးထားသည့် ဝင်းဝတံတားကို တပ်မ​တော်စစ်​ကြောင်းများက ပြန်လည်ထိန်းချုပ်ပြီး ထားဝယ်-မြိတ်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်
Published 31 March 2026



တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ရှိ KNLA နှင့် PDF ယာယီစိုးမိုးထားသည့် ဝင်းဝတံတားကို တပ်မ​တော်စစ်​ကြောင်းများက ပြန်လည်ထိန်းချုပ်ပြီး ထားဝယ်-မြိတ်သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့​ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွား ကားလမ်းမ ကြီးပေါ်တွင် အဓိကအချက်အချာကျသည့် ဝင်းဝတံတား၌ တံတားလုံခြုံရေးဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား KNLA နှင့် PDF အဖွဲ့များက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ Drone များ အသုံးပြု၍ သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတံတားနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ယာယီစိုးမိုးကာ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့ခဲ့​​ကြောင်း သိရသည်။

ထိုသို့ KNLA နှင့် PDF အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ သဖြင့် တံတားလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် KNLA နှင့် PDF အဖွဲ့များကိုပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အား မမျှသည့်အတွက် မတ်လ ၁၂ ရက်တွင် အဆိုပါနေရာမှ စနစ်တကျဖြင့် ဂုံညင်းဆိပ်နေရာသို့ ယာယီဆုတ်ခွာခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ပြင်ဆင် စုဖွဲ့မှုများဆောင်ရွက်ခဲ့​ကြောင်း သိရသည််။

ထို့နောက် KNLA နှင့် PDF အဖွဲ့များ ယာယီစိုးမိုးထားသည့် တံတားနေရာ တစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ မတ် ၂၈ ရက်တွင် စီတောကျေးရွာအား လည်းကောင်း၊ မတ် ၂၉ ရက်တွင် ရေချိုချောင်းကျေးရွာအားလည်းကောင်း၊ ၃၀ ရက်တွင် ပွိုင့်-၁၆၈ တောင်ကုန်း နှင့် ချောင်းဝပြင်ကျေးရွာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်ထိန်းချုပ်ခဲ့ပြီး ယနေ့(မတ် ၃၁ ရက်)တွင် ဝင်းဝရဲစခန်းဟောင်းနေရာနှင့် ဝင်းဝတံတားနေရာတစ်ဝိုက်တို့အား တပ်မတော် စစ်ကြောင်းများက အပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် ထားဝယ်-မြိတ် သွားကားလမ်းတွင် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်​ကြောင်း သိရသည်။

ယခုကဲ့သို့ KNLA နှင့် PDF အဖွဲ့များ ယာယီစိုးမိုးထားသည့် ဝင်းဝတံတား အား တပ်မတော်စစ်ကြောင်းများက အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး ထားဝယ်-မြိတ် သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသ တွင်း ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent