၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အသင်း(၂၈)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပမယ်

၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အသင်း(၂၈)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပမယ်
Photo: X
Photo: X
Published 30 March 2026

၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် အာဖရိကနိုုင်ငံများဖလားပြိုင်ပွဲကို အသင်း(၂၈)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပမယ်လို့ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဥက္ကဋ္ဌ မော့ဆက်ပီက အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ၂၀၁၉ ခုနှစ်မှာ (၂၄)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးမြှင့်ခဲ့ပြီး လာမယ့် ၂၀၂၇ ပြိုင်ပွဲမှာ (၂၈)သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် ထပ်မံတိုးမြှင့်မှာပါ။

၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်ညာ၊ တန်ဇန်းနီးယားနဲ့ ယူဂန္ဓာတို့က ပူးတွဲအိမ်ရှင်အဖြစ် ဇွန်၊ ဇူလိုင်လအတွင်း ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၇ ပြိုင်ပွဲအထိ (၂)နှစ်တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၈ ပြိုင်ပွဲကစတင်ကာ (၄)နှစ်တစ်ကြိမ်အဖြစ် ပြောင်းလဲကျင်းပမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါကြောင့် ၂၀၂၇ ပြိုင်ပွဲနဲ့ ၂၀၂၈ ပြိုင်ပွဲကတော့ ဆက်တိုက်ကျင်းပသွားရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားရဲ့ ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး CAF ရဲ့ ဆုံးဖြတ်ချက်အပေါ် အငြင်းပွားမှုတွေ ရှိနေပေမဲ့ CAF ကတော့ အာဖရိကဘောလုံးလောကရဲ့ တိုးတက်မှု မြင့်တက်နေတယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

Most Read

Most Recent