၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-offs အဆင့်မှာ ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့ အသင်း(၈)သင်းထွက်ပေါ်

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-offs အဆင့်မှာ ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့ အသင်း(၈)သင်းထွက်ပေါ်
Photo: X
Photo: X
Published 27 March 2026

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-offs အဆင့်ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့အသင်း(၈)သင်း ထွက်ပေါ်လာခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အီတလီကို မြောက်အိုင်ယာလန်ကို (၂-၀)ဂိုး၊ ဆွီဒင်က ယူကရိန်းကို (၃-၁)ဂိုး၊ ပိုလန်က အယ်လ်ဘေးနီးယားကို (၂-၁)ဂိုး၊ ကိုဆိုဗိုက ဆလိုဗက်ကီးယားကို (၄-၃)ဂိုး၊ တူရကီက ရိုမေးနီးယားကို (၁-၀)ဂိုး၊ ဒိန်းမတ်က မြောက်မက်ဆီဒိုးနီးယားကို (၄-၀)ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဘော့စနီးယားက ဝေးလ်စ်ကို ပယ်နယ်တီ(၄-၂)ဂိုး၊ ချက်က အိုင်ယာလန်ကို ပယ်နယ်တီ(၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ကြပါတယ်။

ဒါကြောင့် Path A ရဲ့ ဗိုလ်လုပွဲကို ဘော့စနီးယားနဲ့ အီတလီ၊ Path B ရဲ့ ဗိုလ်လုပွဲကို ဆွီဒင်နဲ့ ပိုလန်၊ Path C ရဲ့ ဗိုလ်လုပွဲကို ကိုဆိုဗိုနဲ့ တူရကီ၊ Path D ရဲ့ ဗိုလ်လုပွဲကို ချက်နဲ့ ဒိန်းမတ်တို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီဗိုလ်လုပွဲတွေကို မတ်(၃၁)ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်း(၄)သင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲခွင့်ရရှိမှာဖြစ်ပါတယ်။

ကြိုတင်ရေးဆွဲထားတဲ့ ပွဲစဉ်ဇယားအရ ဗိုလ်လုပွဲတွေကို ဘော့စနီးယား၊ ဆွီဒင်၊ ကိုဆိုဗိုနဲ့ ချက်တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပရမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent