■ မြောက်ဒဂုံရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီလာဖြည့်သည့်မော်တော်ယာဥ် မီးလောင်မှုဖြစ်ပွားပြီး ဆီဆိုင်ကိုပါ မီးကူးစက်

■ မြောက်ဒဂုံရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီလာဖြည့်သည့်မော်တော်ယာဥ် မီးလောင်မှုဖြစ်ပွားပြီး ဆီဆိုင်ကိုပါ မီးကူးစက်
Published 21 March 2026

မြောက်ဒဂုံရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီလာဖြည့်သည့်မော်တော်ယာဥ် မီးလောင်မှုဖြစ်ပွားပြီး ဆီဆိုင်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ် ၇/ ၈ လမ်းဆုံရှိ Terminal ဆီဆိုင်တွင် မတ် ၂၁ ရက် ည၉ နာရီခွဲကျော်က ဆီလာဖြည့်သည့် မော်တော်ယာဥ်အား ဆီဖြည့်နေစဥ် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

" အခု မီးစလောင်တဲ့ ကားလေးကို ငြိမ်းသတ်ပြီးပါပြီ။ ဆီဆိုင်ကတော့ အပေါ်အမိုးတွေလည်း လောင်ကျွမ်းသွားတယ်။ အခုတော့ မီးထိန်းနိုင်သွားပါပြီ" ဟု ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းသည့် မော်တော်ယာဥ်မှာ ပရိုဘောက်အဌားယာဥ်အမျိုးအစားဖြစ်သည်ဟု သိရသည်။

မီးလောင်မှုမှာ မတ် ၂၁ ရက် ည ၉ နာရီ ၃၉ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများထွက်ခွာငြိမ်းသက်ခဲ့ပြီး ဆယ်မိနစ်ခန့်အကြာတွင် မီးထိန်းနိုင်ပြီး နောက်ထပ် ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent