မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ စစ်ရေယာဉ်သုံးစင်း ပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ စစ်ရေယာဉ်သုံးစင်း ပြန်လည်ထွက်ခွာ
Published 10 March 2026

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ် သည့် ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စင်းသည် ယနေ့(မတ် ၁၀ ရက်)ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာသွား​ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ထွက်ခွာသည့် ရုရှားစစ်​ရေယာဉ်သုံးစင်းအား တပ်မတော်(ရေ)မှအရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ဆိပ်ကမ်းတွင်  ပို့ဆောင်နှုတ်ဆက်ခဲ့​ကြောင်း သိရသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၃၅၀ ဦးတို့လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၅ ရက်နေ့မှ မတ် ၁၀ ရက်အထိ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊ တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များနှင့် ရုရှားရေတပ်မှအရာရှိ၊ စစ်သည် များအကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန် လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent