အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ၊ အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School နှင့် မြန်မာနိုင်ငံရှိ Aviation Training & Flying Academy တို့ သဘောတူလက်မှတ်ရေးထိုး
အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School နှင့် မြန်မာနိုင်ငံရှိ Aviation Training & Flying Academy တို့အတူ ပူးပေါင်း၍ Cadet Pilot Program နှင့် Cabin Crew Preparatory Program များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည်။
MAI နှင့် Perkasa Flight School တို့ကြား သဘောတူညီချက်အရ Cadet Pilot Program ကို အကောင်အထည်ဖော်မည်ဖြစ်ကာ MAI ၏ ကျွမ်းကျင်လေယာဉ်မောင်းအရာရှိများကို ရေ ရှည် အခြေခံဖြင့် ပြုစုပျိုးထောင်မည် ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Directorate General of Civil Aviation of Indonesia(DGCA)၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ Ab Initio သင်တန်းများကို သင်ယူရမည်ဖြစ်ပြီး DCAM အောက်တွင် လိုင်စင်ပြောင်းလဲခြင်း၊ Aircraft Type Rating ၊Base Check နှင့် Line Training စသည်တို့ကို MAI ၏ လုပ်ငန်းလိုအပ် ချက်များနှင့် ကိုက်ညီစွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
လက်မှတ်ရေးထိုးပွဲကို နှစ်ဖက် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက် ရောက်သက်သေခံခဲ့ကြပြီး၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ သံရုံး၏ Charge d’Affaires,H.E.Mr.Novan Ivanhoe Saleh နှင့် Counsellor (Economic) ဖြစ်သူ Mr.Arvinanto Soeriaatmadja တို့ တက် ရောက်ခဲ့ကြသည်။ ထို့အပြင် MAI ၏ Chairman ဖြစ်သူ U Aung Aung Zaw နှင့် COO ဖြစ်သူ Captain Aung Naing Kyi တို့လည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံသံရုံးမှ Charge d’Affaires,H.E.Mr.Novan Ivanhoe Saleh မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးMAIနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဦးဆောင်လေကြောင်းသင်တန်းအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုသည် လေကြောင်းပညာရေးနှင့် ပရော်ဖက်ရှင်နယ် အလုပ်အကိုင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အထူးအလေး ထား ပြောကြားခဲ့ပါသည်။
Perkasa Flight School ၏ CEO မှလည်း နိုင်ငံတကာ အသိအမှတ်ပြု သင်ကြားရေးစံနှုန်းများ နှင့်အညီ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် Cadet များကို လေကြောင်း လုပ်ငန်းတွင် လိုအပ်သော နည်းပညာ ကျွမ်း ကျင်မှု၊ စည်းကမ်းတကျမှုနှင့် ပရော် ဖက်ရှင် နယ်ဆန်မှုတို့ ဖြည့်ဆည်း ပေးနိုင်ရေး ကတိ ပြုခဲ့ပါသည်။
MAI ၏ CEO ဖြစ်သူမှလည်း Cadet Pilot Program စတင်ခြင်း သည် သင်တန်းတစ်ခု စတင်ခြင်း သာမက MAI နှင့် မြန်မာနိုင်ငံ၏ လေ ကြောင်း လုပ်ငန်းအနာဂတ်ကို ပုံဖော်ရာတွင် အရေး ကြီးသောပထမခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လေကြောင်း လုပ် ငန်း တွင် အရည်အချင်းပြည့်မီပြီး တာဝန် ခံစိတ် ရှိသော Pilot များအတွက်လိုအပ်ချက် မြင့်တက်လျက်ရှိသဖြင့် ယခုအစီအစဉ်သည် နည်းပညာကျွမ်းကျင်မှုနှင့် စည်းကမ်းစနစ်တို့ ပြည့်စုံသည့် Pilotအများအဖြစ် ပြောင်းလဲ ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့ပါသည်။
MAI၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာသည် လေယာဉ် လုပ်ငန်း တိုးချဲ့ရေးသာမက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး ကို လည်း အလေးထားဆောင်ရွက်နေကြောင်း၊ စွမ်း ဆောင်ရည်၊ တာဝန်ခံမှုနှင့် ခံနိုင် ရည်ရှိမှု အပေါ်အခြေခံသည့် အဖွဲ့ အစည်း ယဉ်ကျေး မှု တည်ဆောက်ရန်ရည်ရွယ်ကြောင်း ဖော်ပြ ခဲ့ပါသည်။ စနစ်တကျ ဖွဲ့စည်းထားသော သင်တန်း အစီအစဉ်များ၊ လုပ်ငန်းအတွေ့ အကြုံများနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများမှတစ် ဆင့်နောက်ထပ်မျိုး ဆက်သစ် လေကြောင်းလုပ်ငန်းကို ဦးဆောင် နိုင်မည့်ခေါင်းဆောင်များကို ပြုစုပျိုး ထောင် သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါသည်။
Perkasa Flight School နှင့် ယခု ပူးပေါင်းဆောင်ရွက်မှုသည် MAI၏ ပထမ ဆုံး အပြည်ပြည်ဆိုင်ရာ Pilot Cadet Training မိတ်ဖက်ဖြစ်ပြီး၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံအကြား ရှည်လျားသော လေကြောင်းပူးပေါင်းဆောင်ရွက်မှုဆက် ဆံရေးကို ပိုမိုခိုင်မာစေသည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။
ထို့အပြင် MAI သည် (ATFA) နှင့်လည်း သီးခြား သဘောတူညီချက် လက် မှတ် ရေးထိုးခဲ့ပြီး Cabin Crew Preparatory Programကို အကောင်အ ထည်ဖော်သွား မည်ဖြစ်သည်။ ယင်းအစီအ စဉ်သည် လုံခြုံ ရေး ကျွမ်းကျင်မှု၊ ဝန်ဆောင်မှု ထူးချွန်မှုနှင့် လုပ်ငန်းဆောင်ရွက်နိုင်စွမ်းတို့ ပြည့်စုံသည့် အနာဂတ် Cabin crew များကို ပြုစုပျိုးထောင်ရန် ရည်ရွယ်ထားပါသည်။
ယခုမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအသိအမှတ်ပြု လေ ကြောင်း ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းအခွင့်အလမ်းများ ရရှိစေရန် စနစ်တ ကျ လမ်းကြောင်းများ ဖန်တီးပေးနိုင်မည် ဖြစ်ပြီး မြန်မာ့လေကြောင်းကဏ္ဍအတွင်း MAI၏ ဦးဆောင်အခန်းကဏ္ဍကို ပိုမိုခိုင်မာ စေကာ ရေရှည်တည်တံ့သည့် လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် အစိတ် အ ပိုင်းတစ်ရပ်ဖြစ်ပါသည်။
ထို့အပြင် MAIသည် (MHTi) နှင့် ပူးပေါင်းကျင်းပသည့် MAI & MHTi Ariliner Ground Internship Program(Second Batch) Graduation Ceremonyကိုလည်း တစ်ပြိုင်နက်ကျင်းပခဲ့ပြီး သင်တန်းပြီးဆုံး အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးအား ဂုဏ်ပြုလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါ Graduation Ceremony အခမ်းအနားတွင် MHTi Managing Directorနှင့် MAI ၏ Human Resources ဌာနအကြီးအကဲတို့မှ အမှာစကား ပြောကြား ခဲ့ကြပြီး သီအိုရီပညာရေးနှင့် လက်တွေ့လေကြောင်း လုပ်ငန်းအတွေ့အကြုံများ ပေါင်းစပ်ပေးနိုင်သည့် အစီအစဉ်ဖြစ်ကြောင်း ထင်ဟပ်ပြသခဲ့ပါသည်။ ယခု အစီအစဉ် များအားဖြင့် MAI သည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့လေကြောင်းနှင့် ခရီးသွားလာရေးကဏ္ဍ တိုးတက် ဖွံ့ဖြိုးရေးအတွက် ဆက်လက် အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံ အတည် ပြုနိုင်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAIသည် ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ ပြည်တွင်း ခရီးစဉ် ၁၈ မြို့နှင့် ပြည်ပ ခရီးစဉ်များ ၂၃ ခုမြို့ဆီသို့ ပျံသန်းပြေးဆွဲလျက်ရှိသော မြန်မာနိုင်ငံ၏ ဦးဆောင်လေကြောင်းလိုင်းတစ်ခုဖြစ်ပါသည်။ MAI သည် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံနှင့် လာအိုနိုင်ငံများအပါအဝင် နိုင်ငံတကာခရီးစဉ်များကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
လက်ရှိတွင် MAI သည် Airbus A320 Family လေယာဉ်များ၊ Embraer E190လေယာဉ်များ၊ ATR 72-600 လေယာဉ်များ၊ Boeing 737 Freigheter လေယာဉ်တို့ဖြင့် ပြည်တွင်း ပြည်ပခရီးစဉ်များအား ပျံသန်းပြေးဆွဲလျက်ရှိပါသည်။















