■တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၉) သင်တန်းဆင်းပွဲသို့ ဒုတိယတပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်တက်​ရောက်

■တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၉) သင်တန်းဆင်းပွဲသို့ ဒုတိယတပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်တက်​ရောက်
Published 25 February 2026

၂၀၂၁ ခုနှစ်မှ ယနေ့ထိ အလင်းဝင်သည့် PDF စုစုပေါင်း ၁၃၄၁ ဦးရှိပြီး ဆက်လက်အလင်းဝင်ရောက်ရန် ဆက်သွယ်နေကြဆဲဖြစ်ဟု ဒုတိယတပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ​ပြောကြား

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ် စဉ်(၁၂၉) သီဟတပ်ခွဲသင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့(​ဖေ​ဖော်ဝါရီ ၂၅ ရက်)နံနက်ပိုင်း တွင် ဗထူးမြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အဆိုပါ ​သက်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ကိုယ်စား) နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့​ကြောင်း သိရသည်။

 ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မတော်အနေဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ ပြည်ပ ကျူးကျော်မှုအန္တရာယ်၊ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဆူပူမှုအရေးအခင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ ခေတ္တထိန်းသိမ်းရသည့်အချိန်အတွင်း ဆူပူအကြမ်းဖက်မှုနှင့် စစ်ရေးခြိမ်းခြောက်မှုများ၊ ကိုဗစ်အန္တရာယ်ဆိုး၊ ၂၀၂၃ ခုနှစ် အဖျက်စွမ်းအားကြီးမား

သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်ျွင် နှစ်ပေါင်း ၁၀၀ အတွင်း တစ်ကြိမ်သာ

ဖြစ်ပေါ်ဖူးတဲ့ ရာဂီမုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီ ရေလျှံမှု၊ ၂၀၂၅ ခုနှစ်တွင် ရစ်ချက်တာစကေး ၇ ဒသမ ၇ ရှိသည့် မန္တလေး၊ စစ်ကိုင်းငလျင် ဘေးဆိုးကြီး စသည့် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားလှသည့် အရေးကိစ္စတို့နှင့် ကြုံတွေ့ခဲ့ချိန်တိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားအတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ထက်သန်စွာနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ တော်ကာကွယ်ရေးတာဝန်များနှင့် သဘာဝဘေးဒဏ်ခံစားနေကြရသည့် ပြည်သူလူထုများ၏ ဘေးဆိုးအန္တရာယ်များကို လူ့အသက်ထက် မည်သည့်အရာမှ အရေးမကြီးဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်အတိုင်း အထက်အဆင့်ဆင့် အမိန့်စောင့်စရာမလိုဘဲ ဖြစ်စဉ်နေရာ၌ ဦးစွာရောက်ရှိပြီး သဘာဝဘေးဆိုးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်း ပေးခဲ့ရသကဲ့သို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင်လည်း မူလအဆင့်အတန်းထက် ပိုမိုမြင့်မားစေရေး ရည်မှန်းဆောင်ရွက်ရန် လမ်းညွှန်ချက်ကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်လျက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်နှင့် ကျေပွန်စွာထမ်းဆောင်ခဲ့သည်ကို အားလုံးသိမြင်ကြပြီးဖြစ်ကြောင်း ​ပြောကြားသည်။

ထို့ပြင် မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေချိန်တွင် နိုင်ငံတော်နှင့် တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အခန်း(၈)၊ ပုဒ်မ ၃၈၃ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သောကြောင့် ဒို့တာဝန်အရေးသုံးပါး ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဦးဆွေးဆံမြည့်ကာကွယ်စောင့်ရှောက် သွားရန် အထူးမှာကြားလိုကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ပကတိလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိမှသာ ခိုင်မာတိုးတက်သည့် လူမှု စီးပွားဘဝများကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး လမ်း၊ တံတား များကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​ပြောကြားသည်။

ထို့အတူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အကြမ်းဖက် သမားများ ခိုအောင်းလျက်ရှိသည့် မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ခဲ့ပြီး တပ်မတော်က နယ်မြေတည်ငြိမ် အေးချမ်းရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှု ကြောင့် အကြမ်းဖက်သမားများသည် ခိုအောင်းနေသည့် မြို့ရွာတော်တော်များများမှ ဆုတ်ခွာထွက်ပြေးနေကြပြီဖြစ်သကဲ့သို့ NUG ၊ CRPHနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားအချို့သည်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လက်ခံလာပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်း တစ်ဖွဲဖွဲဝင်ရောက်လာမှုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ယနေ့ထိ အလင်းဝင် စုစုပေါင်း ၁၃၄၁ ဦးရှိနေပြီး ဆက်လက်၍လည်း အလင်းဝင်ရောက်ရန် ဆက်သွယ်နေကြဆဲဖြစ်ကာအမှောင်ကာလအတွင်း ဥပဒေနှင့်ငြိစွန်းခြင်းမရှိသည့် အလင်းဝင်ရောက်သူများ ကို နိုင်ငံတော်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီးတို့မှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆို ခဲ့ကြပြီး မိဘဆွေမျိုးရင်ခွင်အတွင်းသို့ လိုအပ်သည့်၊ တတ်နိုင်သည့် ထောက်ပံ့ပေးမှုများနှင့် လွှဲပြောင်းပေးခဲ့ရာ အလင်းဝင်ရောက်သူများအနေဖြင့်လည်း စိတ်လက် ချမ်းသာစွာ ဖြင့် မိသားစုများနှင့် အေးချမ်းပျော်ရွှင်

နေကြပြီဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​ပြောကြားသည်။

ယင်းအပြင် နယ်မြေတည်ငြိမ်အေးချမ်းရေး ပြန်လည်ရယူနိုင်ခဲ့သည့် မြို့နယ်များကို အစိုးရ အုပ်ချုပ်မှုယန္တရားများ ပြန်လည်ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လူနေအဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်သူလူထု၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွား ဘဝအေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေစိုးမိုးရေးနှင့် နယ်မြေ လုံခြုံရေးတာဝန်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် နှင့် ပြည်သူလူထုအတွက် ပေးအပ်လာသာည့် တာဝန်မှန်သမျှကို မမှိတ်မသုန် ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြဖို့ တိုက်တွန်း မှာကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အလွန်ရုပ်ဆိုး အကျည်းတန်သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၁)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)ပါ တပ်မတော် သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက် အတိုင်း တပ်မတော်သည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်နှင့် အညီ တပ်မတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာ ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုသည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်နှင့်အညီ နိုင်ငံတော်ကို ပြည်သူများလိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက် လှမ်းနိုင်အောင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် လွတ်လပ်ပွင့်လင်းပြီး တရားမျှတသည့် ရွေးကောက်ပွဲ သည် အရေးကြီးဆုံးဖြစ်ခြင်းကြောင့် ၂၀၂၃ ခုနှစ်လောက်မှစတင်ပြီး ရွေးကောက်ပွဲအတွက် တစ်ဆင့်ပြီးတစ်ဆင့် လိုအပ်သည်များကို ပြင်ဆင်စီမံခဲ့ရာမှ နောက်ဆုံးလွတ်လပ်ပြီး တရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ အပိုင်းသုံးပိုင်းခွဲပြီး အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူ ၂၄ သန်း အနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ပြည်သူများ ကဆန္ဒမဲပေးခဲ့ကြတာကို တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွ ကျင်းပနိုင်ရန်အတွက် တပ်မတော်အနေဖြင့် လုံခြုံရေးပိုင်းအပါအဝင် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့သလို နိုင်ငံတော်အစိုးရမှလည်း တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် နိုင်ငံတကာမှ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာသူများကို ဖိတ်ခေါ်၍ လာရောက် လေ့လာစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာ ရွေးချယ်ပေးလိုက်သည့် ရွေးကောက်ပွဲက ပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လက်ရှိနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က လွှဲအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ခြင်းသည် ဘက်လိုက်မှုကင်းကင်းနှင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေမှုများဖြစ်သကဲ့သို့ သမိုင်းမှတ်တမ်းကောင်းများလည်းဖြစ်ကြောင်း၊ မိမိနိုင်ငံနှင့်တပ်မတော်၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး နိုင်ငံ့သားကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားလိုကြောင်း စသည်ဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​ထည့်သွင်းပြောကြားသည်။

အဆိုပါ ဗိုလ်​လောင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင် စည်သူ ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဗထူးတပ်နယ်မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏မိဘများနှင့် ဆွေမျိုးများ၊ တပ်မတော်(ကြည်းဗိုလ်သင်တန်းကျောင်း(ဗထူး)မှ နည်းပြများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent