■ သင်္ဃန်းကျွန်းနှင့် ကမာရွတ်မြို့နယ်တို့တွင် ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

■ သင်္ဃန်းကျွန်းနှင့် ကမာရွတ်မြို့နယ်တို့တွင် ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Published 11 February 2026

သင်္ဃန်းကျွန်းနှင့် ကမာရွတ်မြို့နယ်တို့တွင် ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်တွင် အောင်ကိုကို (ခ) အောင်လေး (ခ) ကျော်မောင်မောင် မောင်းနှင်ပြီး ဇော်မျိုးဆွေ လိုက်ပါလာသည့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၅,၀၀၀ ပြား (ခန့်မှန်းကျပ်သိန်း ၉၅၀) နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဦးသန်းမောင်နှင့် ဦးကျော်ဇောလှ တို့အား တာမွေမြို့နယ်၊ (၁၆၅) လမ်းထောင့်တွင် လက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်လည်းကောင်း၊ အောင်ကိုကို (ခ) အောင်လေး (ခ) ကျော်မောင်မောင် ငှားရမ်းနေထိုင်သည့် ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀ ပြား (ခန့်မှန်းကျပ်သိန်း ၁၁၀၀) နှင့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ် တစ်စီးတို့အားလည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများဖြစ်သည့် အောင်ကိုကို (ခ) အောင်လေး (ခ) ကျော်မောင်မောင ်(၃၀) နှစ်၊ ဇော်မျိုးဆွေ (၃၇) နှစ်၊ ဦးသန်းမောင ်(၅၉) နှစ်နှင့် ဦးကျော်ဇောလှ (၆၄) နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent