■ နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေး

■ နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေး
Published 22 January 2026

နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၁ ရက်က မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အဆိုပါ နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးများကို ၂၀၀၃ ခုနှစ်မှစတင်၍ နှစ်နိုင်ငံအိမ်ရှင်အဖြစ် အလှည့်ကျကျင်းပခဲ့ကြောင်း၊ အစည်းအဝေးများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာတွင် အရေးပါသည့် မှတ်တိုင်ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏပိုမိုမြှင့်တင်နိုင်ရေး လွယ်ကူချောမွေ့စေမည့် နည်းလမ်းများ၊ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေးအစရှိသည့် အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသည် နှစ်နိုင်ငံအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချကျော်လွှားနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယမန်နေ့က ကျင်းပခဲ့သော Preliminary Meeting တွင် နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အသေးစိတ်ဆွေးနွေးထားသည့် အစည်းအဝေးမှတ်တမ်းကို မြန်မာနိုင်ငံဘက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်းရောင်းဝယ် ရေးနှင့်စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ Additional Secretary H.E. Shri Nitin Kumar Yadav တို့က အတည်ပြုလက်မှတ်ရေးထိုးကြကြောင်း သိရသည်။

အဆိုပါ နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Sh. Abhay Thakur ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ Additional Secretary Shri Nitin Kumar Yadav ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ စုစုပေါင်းကိုယ်စားလှယ် ၅၆ ဦး တက်ရောက်ကြပြီး ဒသမအကြိမ်မြောက် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးကို အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ ကျင်းပရန် သဘောတူညီခဲ့ကြောင်း သိရသည်။

Most Read

Most Recent