လျှပ်စစ်ဓာတ်အားကို တရားမဝင်ချိတ်ဆက်သုံးစွဲခြင်း၊ ခွင့်ပြုချက်မရှိဘဲ မီတာနေရာ ပြောင်းရွှေ့ တပ်ဆင်ခြင်းနှင့် တရားမဝင် မီတာများ တပ်ဆင်အသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပြစ်မှုအမျိုးအစားအလိုက် ကျပ်တစ်သိန်းမှ ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်နိုင်

လျှပ်စစ်ဓာတ်အားကို တရားမဝင်ချိတ်ဆက်သုံးစွဲခြင်း၊ ခွင့်ပြုချက်မရှိဘဲ မီတာနေရာ ပြောင်းရွှေ့ တပ်ဆင်ခြင်းနှင့် တရားမဝင် မီတာများ တပ်ဆင်အသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပြစ်မှုအမျိုးအစားအလိုက် ကျပ်တစ်သိန်းမှ ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်နိုင်
Published 19 January 2026

လျှပ်စစ်ဓာတ်အားကို တရားမဝင်ချိတ်ဆက်သုံးစွဲခြင်း၊ ခွင့်ပြုချက်မရှိဘဲ မီတာနေရာ ပြောင်းရွှေ့ တပ်ဆင်ခြင်းနှင့် တရားမဝင် မီတာများ တပ်ဆင်အသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပြစ်မှုအမျိုးအစားအလိုက် ကျပ်တစ်သိန်းမှ ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

ဓာတ်အားသုံးစွဲသူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ မီတာနေရာ ပြောင်းရွှေ့ တပ်ဆင်ခြင်း၊ ဌာနမှ တရားဝင်မှတ်ပုံတင်ဖြင့် ထုတ်ပေးထားခြင်းမရှိသည့် မီတာများအား တပ်ဆင်အသုံးပြုခြင်း၊ မီတာအား မူလအနေအထားမှ ချို့ယွင်းအောင် တစ်နည်းနည်းဖြင့် ပြုပြင်ခြင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/မြို့နယ်အင်ဂျင်နီယာ၏ ခွင့်ပြုချက်မရှိဘဲ မီတာရှိSealများဖြတ်ခြင်း/ဖြုတ်ခြင်း၊ လျှပ်စစ်ဓာတ်အားကို တရားမဝင်ချိတ်ဆက်သုံးစွဲခြင်းများအား လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိ‌ပေးထားကြောင်း သိရသည်။

တရားမဝင် ဓာတ်အားရယူသုံးစွဲခြင်းများအား စစ်ဆေးဖော်ထုတ်တွေ့ရှိပါက ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေအရလည်းကောင်း၊ ဌာန၏ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များအရလည်းကောင်း တရားမဝင် ဓာတ်အားသုံးစွဲမှုများ အတွက် လျော်ကြေး၊ ဒဏ်ကြေး၊ နစ်နာကြေးများတောင်းခံခြင်း၊ ဖောက်ဖျက်ကျူးလွန် သည့် ပြစ်မှုအမျိုးအစားအလိုက် အနည်းဆုံး ပြစ်ဒဏ်အဖြစ် ကျပ်တစ်သိန်းမှ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားကို တရားမဝင်ရယူသုံးစွဲပါက တပ်ဆင်ထားသော ဝန်အားကို (kW) ဖြင့်လည်းကောင်း၊

တပ်ဆင်ဝန်အား x တွက်ရန်နာရီ x တွက်ရန်ရက် x နှုန်းထား စသဖြင့် တွက်မည်ဖြစ်ကြောင်း သိရသည်။

တွက်ရန်နာရီအနေဖြင့် တိုက်ရိုက်သုံးစွဲခြင်း (DC) အတွက် ၁၂ နာရီဖြင့်တွက်ချက်၍ တိုက်ရိုက်သုံးစွဲခြင်းမဟုတ်သော အတွက် ၈ နာရီဖြင့် တွက်မည်ဖြစ်ကာ၊ တွက်ရန်ရက်အနေဖြင့် မီတာတပ်ဆင်သုံးစွဲမှုသည် တစ်နှစ်ကျော်ပါက ၃၆၅ ရက်ဖြင့် လည်းကောင်း၊ ၁နှစ်မပြည့်သေးပါကအမှန်တပ်ဆင်သုံးစွဲခဲ့သော ရက်ဖြင့်လည်းကောင်း၊ တိုက်ရိုက်သုံးစွဲခြင်း (DC) ဖြစ်ပါက ၃၆၅ ရက်ဖြင့်လည်းကောင်း၊ မီတာနှင့် မီတာဖတ်စနစ်တွင် မှတ်တမ်းတင်နိုင်သည့် အမျိုးအစား တပ်ဆင်ထားပါက ဓာတ်အားသုံးစွဲမှု မှတ်တမ်းအရ အမှန်တကယ် Tempered စတင်ဖြစ်သည့်ရက်မှစ၍ တွက်မည်ဖြစ်ကြောင်း သိရသည်။

တရားစွဲဆိုမည့်ကိစ္စရပ်များအတွက် တရားစွဲဆိုခြင်းမပြုပါက ဒဏ်ကြေးငွေကျပ်သုံးသိန်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ ဓာတ်အားခကြွေးကျန်နှင့် လျော်ကြေးငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့ ပေးသွင်းရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။

Most Read

Most Recent