■ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သော မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တွင် မဲဆန္ဒရှင် ခြောက်သိန်းနီးပါးရှိသည့်အနက် ၃၉ ဒသမ ၃၆ ရာခိုင်နှုန်း မဲပေးခဲ့

■ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သော မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တွင် မဲဆန္ဒရှင် ခြောက်သိန်းနီးပါးရှိသည့်အနက် ၃၉ ဒသမ ၃၆ ရာခိုင်နှုန်း မဲပေးခဲ့
Published 13 January 2026

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သော မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တွင် မဲဆန္ဒရှင် ခြောက်သိန်းနီးပါးရှိသည့်အနက် ၃၉ ဒသမ ၃၆ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မွန်ပြည်နယ်၌ မုဒုံမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူ ၁၆၈၇၈၄ ဦးရှိသည့် မုဒုံမြို့နယ်အတွင်း ဆန္ဒမဲပေးသူ ၅၇၅၉၀ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၄ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ မဲဆန္ဒရှင်ပြည်သူ ၄၇၆၃၇ ဦးရှိသည့် ရေးမြို့နယ်အတွင်း ဆန္ဒမဲပေးသူ ၂၀၇၁၆ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၄၉ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့်  မဲဆန္ဒရှင်ပြည်သူ ၁၀၇၅၉၆ ဦးရှိသည့် သံဖြူဇရပ်မြို့နယ်အတွင်း ဆန္ဒမဲပေးသူ ၄၅၃၄၅ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၂ ဒသမ ၁၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မဲဆန္ဒရှင်ပြည်သူ ၁၇၃၀၃၈ ဦးရှိသည့် ပေါင်မြို့နယ်အတွင်း ဆန္ဒမဲပေးသူ ၇၁၇၈၁ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁ ဒသမ ၄၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ မဲဆန္ဒရှင်ပြည်သူ ၉၆၀၃၆ ဦးရှိသည့် ဘီးလင်းမြို့နယ်အတွင်း ဆန္ဒမဲပေးသူ ၃၈၀၀၇ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၉ ဒသမ ၅၈ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မွန်ပြည်နယ်၌ မဲဆန္ဒရှင်ဦးရေ စုစုပေါင်း ၅၉၃၀၉၁ ဦးရှိသည့်အနက် ၂၃၃၄၃၉ ဦး ဆန္ဒမဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၃၉ ဒသမ ၃၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည့် မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်၊  ပြည်နယ်လွှတ်တော်နှင့် (ကျိုက်ထို - ဘီးလင်းမြို့နယ်) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များနှင့်  (သထုံ - ပေါင်မြို့နယ်) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီ (MUP) က ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်ရှိ မဲဆန္ဒနယ်များအားလုံးနှင့် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ပုံစာ - မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဆန္ဒမဲပေးနေကြသည်ကို ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ်။

 

Most Read

Most Recent