■ ဟင်္သာတမြို့၌ နှစ်စဉ်ကျင်းပမြဲ ရေငံပိုင်ဦးရှင်ကြီးပွဲတော် မြင်ကွင်း

■ ဟင်္သာတမြို့၌ နှစ်စဉ်ကျင်းပမြဲ ရေငံပိုင်ဦးရှင်ကြီးပွဲတော် မြင်ကွင်း
Published 12 January 2026

ဟင်္သာတမြို့၌ နှစ်စဉ်ကျင်းပမြဲ ရေငံပိုင်ဦးရှင်ကြီးပွဲတော် လာရောက်သူအများအပြားဖြင့် စည်ကားခဲ့သည်။

အဆိုပါပွဲတော်ကို ညောင်ပင်စျေးရပ်၌ ဇန်နဝါရီလ (၉)ရက်နေ့မှစ၍ (၃)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစားအသောက်နှင့် လူသုံးကုန်စျေးဆိုင်ခန်းများဖွင့်လှစ်ခဲ့သည့် ယင်းပွဲတော်၌ လူအများအပြားလာရောက်ခဲ့ကြပြီး ဇာတ်သဘင်အဖွဲ့ဖျော်ဖြေမှုလည်း ပါဝင်ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင် ဟင်္သာတမြို့နယ်ရှိ တလုတ္ထော်မြို့၌လည်း ရေငံပိုင်ဦးရှင်ကြီးပွဲတော်ကျင်းပခဲ့ပြီး အောင်ဇမ္ဗူဇာတ်သဘင်ဖျော်ဖြေမှုလည်း ပါဝင်ခဲ့သဖြင့် ပိုမိုစည်ကားခဲ့သည်။

Most Read

Most Recent