■ လာလီဂါ ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

■ လာလီဂါ ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်
Photo: FC Barcelona
Photo: FC Barcelona
Published 2 December 2025

♦ ဘာစီလိုနာ - အက်သလက်တီကို (ဒီဇင်ဘာ ၃ ရက် နံနက် ၂း၃၀ နာရီ)

အက်သလက်တီကိုနဲ့ ပွဲကျပ်မကစားရသေးခင်မှာ ဘာစီလိုနာအသင်း ဇယားထိပ်ဆုံးနေရာ ပြန်ရောက်လာတယ်။ El Clasico မှာ ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ဘာစီလိုနာအသင်း လာလီဂါလေးပွဲဆက် အနိုင်ရထားတယ်။ အက်သလက်တီကိုအသင်းကလည်း ပုံစံကောင်းရနေပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံးခုနစ်ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်ထားနိုင်တယ်။ ဘာစီလိုနာက ဒီရာသီ အိမ်ကွင်းရလဒ်အကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်ပြီး PSG နဲ့ ချန်ပီယံလိဂ်တစ်ပွဲကလွဲလို့  ကျန်ရှစ်ပွဲစလုံး အနိုင်ရထားတယ်။ အက်သလက်တီကိုရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ အားရစရာသိပ်မရှိဘူး။ နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားပေမဲ့ ဒီရာသီ ပြိုင်ပွဲစုံရှစ်ပွဲမှာ နှစ်ပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံးနိမ့်ထားတယ်။ ပုံမှန်အားဖြင့် နူးကမ့်ကွင်းမှာ ဘာစီလိုနာပဲ အသာရလေ့ရှိပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ အက်သလက်တီကိုက အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ ဘာစီလိုနာအသင်း ရှုံးကြွေးပြန်ဆပ်မှာပါ။

Photos: Teams' Facebook

Most Read

Most Recent