■ ပြင်ဦးလွင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားပြီး ဝန်ထမ်းတစ်ဦးသေဆုံး

■ ပြင်ဦးလွင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားပြီး ဝန်ထမ်းတစ်ဦးသေဆုံး
Published 12 November 2025

ပြင်ဦးလွင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားပြီး ဝန်ထမ်းတစ်ဦးသေဆုံးမှု နိုဝင်ဘာ ၁၂ ရက် နံနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်မြို့ နာရီစင်အနီးရှိ အောင်စံပယ်ရွှေဆိုင်အား သေနတ်ကိုင်ဆောင်သူအမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ရွှေထည်များအား လုယက်ခဲ့ခြင်းဖြစ်သည်။

လုယက်မှုကျူးလွန်သူအား ရွှေဆိုင်လုံခြုံရေးဝန်ထမ်းက ဝင်ရောက်ဟန့်တားလုံးထွေးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ အဆိုပါဝန်ထမ်းမှာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။

ထို့နောက် သေနတ်ကိုင်ဆောင်လုယက်မှုကျူးလွန်သူတစ်ဦးကို ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးမှာ ရွှေထည်များနှင့်အတူ လွတ်မြောက်သွားခဲ့ကြောင်း၊ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent