ထိုင်းနိုင်ငံတွင် ရဲလိုက်ဖမ်း၍ မောင်းပြေးသည့် ပစ်ကပ်ကားတစ်စီး လမ်းဘေးမီးတိုင်ဝင်တိုက်မိပြီး မြန်မာလုပ်သား ၂၁ ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံတွင် ရဲလိုက်ဖမ်း၍ မောင်းပြေးသည့် ပစ်ကပ်ကားတစ်စီး လမ်းဘေးမီးတိုင်ဝင်တိုက်မိပြီး မြန်မာလုပ်သား ၂၁ ဦး ဒဏ်ရာရရှိ
Published 10 November 2025

ထိုင်းနိုင်ငံတွင် ရဲလိုက်ဖမ်း၍ မောင်းပြေးသည့် ပစ်ကပ်ကားတစ်စီး လမ်းဘေးမီးတိုင်ဝင်တိုက်မိပြီး မြန်မာလုပ်သား ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာလုပ်သား ၂၁ ဦး တင်ဆောင်လာသော ပစ်ကပ်ကားသည် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ စစ်ဆေးရေးဂိတ် အရောင်တွင် မောင်ပြေးသည့်အတွက် ရဲတပ်ဖွဲ့ကလိုက်ဖမ်းရာ  ဖလန်ဖေကျေးရွာအုပ်စု ၄ ရှိ လမ်းဘေးတွင် လမ်းဘေးမီးတိုင်အား ဝင်တိုက်သဖြင့် မြန်မာလုပ်သားများ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မြန်မာအလုပ်သမားအနက်  ပြင်းထန်ဒဏ်ရာရရှိသူ သုံးဦးရရှိပြီး လူနာများအား စံခလဘူရီဆေးရုံသို့ပို့ဆောင်ပြီး ကျန် ၁၈ ဦးကို စံခလဘူရီရဲစခန်းသို့ ပို့ဆောင်ကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းသိရှိချက်အရ စစ်ဆေးဂိတ်ကို ဖြတ်မောင်းသွာစဉ် ယင်းကားနောက်ကို လိုက်ရင်း ယခုကဲ့သို့  မတော်တဆလမ်းဘေးမီးတိုင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး  ဒဏ်ရာရသူများကြောင့် အလုပ်ရှုတ်နေစဉ် ကားသမားထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအားစစ်ဆေးရာ မည်သည့်အထောက်အထားမှမရှိကြောင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူများဖြစ်ကြောင်း၊ သက်ဆိုင်ရာမှဥပဒေနှင့်အညီ အရေးယူဆောင်ရွကိသွားမည်ဖြစ်ကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသည့်ယာဉ်မောင်းဖြစ်သူကို အမြန်ဆုံးဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent