Opta ရဲ့ စူပါကွန်ပျူတာက ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ၅၄.၅% ရှိလာပြီလို့ တွက်ချက်ဖော်ပြခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ အာဆင်နယ်အသင်းက ရမှတ်(၁၉)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို (၃)မှတ်၊ လက်ရှိချန်ပီယံ လီဗာပူးလ်ကို (၄)မှတ်ဖြတ်ထားပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာတယ်လို့ စူပါကွန်ပျူတာက တွက်ချက်ခဲ့တာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံံဖြစ်နိုင်ခြေမှာ အာဆင်နယ်က ၅၄.၄၈%၊ မန်စီးတီးက ၁၇.၃၂%၊ လီဗာပူးလ်က ၁၇.၂၁% ရှိတယ်လို့ စူပါကွန်ပျူတာက ဖော်ပြခဲ့ပါတယ်။
တခြားပရီးမီးယားလိဂ်ထိပ်သီးတွေရဲ့ ချန်ပီယံဖြစ်နိုင်ခြေကတော့ ချယ်လ်ဆီးက ၄.၆၀%၊ စပါးက ၀.၅၁%၊ မန်ယူက ၀.၂၇%ဖြစ်ကြောင်း သိရပါတယ်။
လောင်းကစားကုမ္ပဏီတွေရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အလေးပေးမှုမှာလည်း အာဆင်နယ်အသင်းက ၄း၅ လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီးက ရး၂ လေး၊ လီဗာပူးလ်က ၉း၂ လေး၊ ချယ်လ်ဆီးက ၂၅း၁ လေး၊ မန်ယူက ၅ဝး၁ လေး သတ်မှတ်ခံထားရကြောင်း သိရပါတယ်။















