လာလီဂါမှာ ပွဲအစ(၁၅)စက္ကန့်အတွင်း လှုပ်ရှားမှုမပြုဘဲ ကစားသမားများ ဆန္ဒပြခဲ့ကြ

လာလီဂါမှာ ပွဲအစ(၁၅)စက္ကန့်အတွင်း လှုပ်ရှားမှုမပြုဘဲ ကစားသမားများ ဆန္ဒပြခဲ့ကြ
Photo: X
Photo: X
Published 20 October 2025

အခုတစ်ပတ် ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်(၉)မှာ ကစားသမားတွေက ပွဲအစ(၁၅)စက္ကန့်အတွင်း လှုပ်ရှားမှုမပြုဘဲ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

ဒီလို ဆန္ဒပြခဲ့ကြတာက ဗီလာရီးယဲလ် - ဘာစီလိုနာပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ သွားရောက်ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခြင်းကို ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗီလာရီးယဲလ် - ဘာစီလိုနာပွဲ မိုင်ယာမီမှာ ကစားမယ့်အစီအစဉ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့က ခွင့်ပြုပေးခဲ့ပေမဲ့ ကစားသမားတွေနဲ့ ပြိုင်ပွဲဝင်အသင်းအားလုံးရဲ့ သဘောထားကို မတောင်းခံဘဲ ပြုလုပ်ခဲ့တဲ့ အစီအစဉ်ဖြစ်တာကြောင့် စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်းရဲ့ ဦးဆောင်မှုနဲ့ အခုလို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

ဒီလို ဆန္ဒပြဖို့အတွက် ဗီလာရီးယဲလ်နဲ့ ဘာစီလိုနာကစားသမားတွေကို တောင်းဆိုခြင်းမပြုခဲ့ပေမဲ့ ဆန္ဒပြတဲ့အစီအစဉ်မှာ ပါဝင်ခဲ့ကြကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ ရုပ်သံမီဒီယာတွေက ဒီလို ဆန္ဒပြတဲ့ ပုံရိပ်တွေကို ထုတ်လွှင့်ပြသခြင်းမရှိဘဲ ဆန္ဒပြမှုအစီအစဉ်အဆုံးသတ်ချိန် စက္ကန့်(၂၀)ဝန်းကျင်မှသာ စတင်ထုတ်လွှင့်ပြသခဲ့ ကြကြောင်း သိရပါတယ်။

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ကတော့ မိုင်ယာမီကို ခရီးအဝေးကြီးသွားရောက်ယှဉ်ပြိုင်ရမှာကို ကစားသမားတွေရော သူကိုယ်တိုင်ရော မပျော်ရွှင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent